တရုတ် နိုင်ငံ နာမည်ကျော် ရေခဲ ပန်းပု ပညာရှင်များ ၏ လက်ရာ များ အား ရုရှား နိုင်ငံ မော်စကို မြို့တွင် ပြသ

မှ၆- ရုရှား နိုင်ငံ မော်စကို မြို့ တွင် ကျင်းပပြုလုပ်သည့် တရုတ် နိုင်ငံ ဟာအယ်ပင်း ရေခဲ ပန်းပု ပြပွဲ မြင်ကွင်း(ဆင်ဟွာ) Social, Education & Health

မော်စကို ၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟာအယ်ပင်း ရေခဲ ပန်းပု ပြပွဲ အား ဒီဇင်ဘာ ၂၄ ရက် တွင် ရုရှား နိုင်ငံ မော်စကို မြို့ တွင် စတင် ဖွင့်လှစ် ခဲ့ပြီး ဟာအယ်ပင်း ပြဇာတ်ရုံကြီး ၊ ရေဘေးကာကွယ်ရေး အထိမ်းအမှတ်မျှော်စင် နှင့် မော်စကို Red Square အဆောက်အဦ စသည့် ရေခဲ ပန်းပု လက်ရာများ ကို ပြသ ခဲ့ပြီး ရုရှား နိုင်ငံ ပြည်သူလူထု တို့အား လွန်စွာ ဆွဲဆောင် နိုင်ခဲ့သည်။

ပြပွဲ မကျင်းပမီ တရုတ် နိုင်ငံ မှ ရေခဲ ပန်းပု ပညာရှင် ၁၀ ဦး က ရုရှား နိုင်ငံ သို့ သွားရောက်၍ ရေခဲ ပန်းပုများ ပြုလုပ်ခဲ့ကြကြောင်း ၊ ပြပွဲအား တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် ၊ တရုတ်-ရုရှား သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀) ပြည့် အထိမ်းအမှတ် နှင့် ရပ်ဝန်း နှင့် ပိုးလမ်းမ ဖော်ဆောင်မှု စသည့် ခေါင်းစဉ်များဖြင့် ကျင်းပ ပြုလုပ်ခဲ့သည်။

ယခု အကြိမ် ရေခဲ ပန်းပု ပြပွဲ အား ဟာအယ်ပင်းမြို့ ပြန်ကြားရေး ဌာန က ဦးစီး ကျင်းပပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့ အထိ ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)