01
Wed, Mar
536 New Articles

 

ဝူဟန့်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ငါးရက်ဆက်တိုက် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ရောဂါ အသစ်ဖြစ်ပွားသူမရှိခဲ့ဘဲ မတ် ၂၃ ရက်၌ ရောဂါပိုးရှိကြောင်း အတည်ပြုလူနာအသစ်တစ်ဦးသာ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ချန်ရှား၊ မတ် ၁၉ ရက် (ဆင်ဟွာ)

 တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်ရှိ ဆေးကုမ္ပဏီတစ်ခုက အာဖဂန်နစ္စတန်၊ ပါကစ္စတန်နှင့် အီရန် နိုင်ငံများသို့ လည်ချောင်းနာခြင်းကို ကုသရန် တရုတ်တိုင်းရင်းဆေး (TCM) များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ပေကျင်း၊ မတ် ၁၈ ရက်(ဆင်ဟွာ) 

နိုင်ငံတကာ အသိုက်အဝန်းက COVID-19 ရောဂါတိုက်ဖျက်ရေးကို အားလုံးအတူတကွ ဆောင်ရွက်နေကြသည့် အရေးကြီးအချိန်အခါတွင် အမေရိကန်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အဖွဲ့ဝင်ကြေးကို ပေးရန် အချိန်ဆွဲ ဆက်လက် ပျက်ကွက်နေသလို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး စီမံကိန်းအတွက် ငွေကြေးသုံးစွဲမှုကိုလည်း များစွာလျှော့ျချရန် စီစဉ်လျက်ရှိရာ နိုင်ငံတကာက အံဩမင်သက် မကျေနပ်ဖြစ်ခဲ့ကြသည်။ စူပါအင်အားကြီးနိုင်ငံ၏ ဤပြုမူပုံသည်  အဖွဲ့ဝင်ကြေးပေးအပ်ရန်ပျက်ကွက်သည်သာမဟုတ် နိုင်ငံတကာ ကျင့်ဝတ်နှင့် နိုင်ငံကြီးတစ်နိုင်ငံ ၏ထမ်းဆောင်ရမည့်တာဝန်ကို ပျက်ကွက်ခြင်းပင် ဖြစ်သည်။

ဝူဟန့်။ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှု သိသိသာသာ လျော့ကျလာသဖြင့် မတ် ၁၇ ရက်တွင် ဆရာဝန်များပါဝင်သည့် ဆေးဘက်အကူ ပထမအသုတ်သည် ဟူပေပြည်နယ်မှ ပြန်လည်ထွက်ခွာရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

စိန်ယန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) 

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ် မှ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံများ အတွက် COVID-19 တိုက်ဖျက်ရေး အထောက်အပံ့ဖြစ်စေမည့် ဆေးဝါးအထောက်အပံ့ပစ္စည်းများ ပေးပို့လှူဒါန်းသည့် လေယာဉ် နှစ်စင်းမှာ လျောင်နင်းပြည်နယ် ၏ မြို့တော် စိန်ယန်မြို့မှ မတ် ၁၆ ရက်တွင် စတင် ထွက်ခွါသွားကြောင်းသိရသည်။ 

အိမ်းစစ် ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟူပေ ပြည်နယ် အိမ်းစစ်မြို့ ရှိ ဆင်းရဲနွမ်းပါးမှု ကူညီရေး စက်ရုံ က မတ်လ ၁၃ ရက် တွင် လုပ်ငန်း ပုံမှန် ပြည်လည်လည်ပတ် ခဲ့သည့် အတွက် ရွှေ့ပြောင်းလုပ်သားများ ၏ ဝင်ငွေ  တိုးတက် ခဲ့ကြောင်း သိရှိရသည်။

ပေကျင်း၊ မတ် ၁၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားနေစဉ်အတွင်း ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း (Surgical mask) ကို မည်သည့်အချိန်တွင် ဝတ်ဆင်ရန်နှင့် မည်သို့ အသုံးပြုရမည်ဆိုသည်ကို အောက်ပါအတိုင်း အကြံပြုလမ်းညွှန်ထားသည်။