23
Sun, Feb
429 New Articles

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ) 

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA)မှ ထပ်မံအားဖြည့် စေလွှတ်ထားသည့် ဆေးကုသရေးတပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ဝူဟန့်မြို့သို့ အားလုံးရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ 

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၇ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ၌ ဖေဖော်ဝါရီ ၁၆ ရက် နှောင်းပိုင်း အထိ နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါ သက်သာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ စုစုပေါင်း ၁၀,၈၄၄ ဦး ရှိပြီ ဖြစ်ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ချုံချင့်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) 

COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ဟော့ပေါ့ဆိုင်အချို့သည် ချုံချင့်မြို့ စီးပွားကူးသန်း ကော်မရှင်နှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ ဆိုင်လာရန်မလိုဘဲ အသင့်စားသုံးနိုင်ရန် အိမ်အရောက် ဟော့ပေါ့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုထုံးသစ်ဖြစ်သည့် Convalescent plasma therapy ကို အသုံးပြု၍ ရောဂါပြင်းထန်သော လူနာများအား ကုသခဲ့ရာ အခြေအနေ တိုးတက်မှုရှိလာကြောင်း သိရသည်။

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှ တရုတ်တိုင်းရင်းဆေး ကုသရေးဝန်ထမ်း ၂,၂၂၀ ဦးကို ဟူပေပြည်နယ်သို့ စေလွှတ်ထားရာ COVID-19 အတည်ပြုလူနာ ကုသရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား တိုင်းရင်းဆေးဝါး စီမံခန့်ခွဲမှုဦးစီးဌာန ကုသရေးအဖွဲ့အဖွဲ့ခေါင်းဆောင်နှင့် တရုတ်နိုင်ငံ အင်ဂျင်းနီးယားရင်း အကယ်ဒမီ(CAE)ပညာရှင်၊ တရုတ်တိုင်းရင်းဆေးသိပံ္ပ အကယ်ဒမီ အကြီးအကဲ ဟွမ်လုချီက ဖေဖော်ဝါရီ ၁၄ ရက်တွင် ဟူပေပြည်နယ် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။ 

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဒေသအသီးသီးမှ ဟူပေပြည်နယ်သို့ အားပေးကူညီဆောင်ရွက်ရန် စေလွှတ်ထားသော ဆေးကုသရေးဝန်ထမ်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ည ၂၄ နာရီအထိ စုစုပေါင်း ၂၁၇ ဖွဲ့ ရှိပြီဖြစ်ပြီး အဖွဲ့ဝင် ၂၅,၆၃၃ ဦးရှိကြောင်း၊ ၎င်းအရေအတွက်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)မှ စေလွှတ်သည့် တပ်ဖွဲ့နှင့်တပ်ဖွဲ့ဝင်များမပါသေးကြောင်း ကွန်မြူနစ်ပါတီအဖွဲ့ဝင် တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်  ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ ဟူပေပြည်နယ်ကော်မတီ အမြဲတမ်းကော်မတီဝင် ဝမ်ဟဲ့ဆန့်က  ယနေ့ ဝူဟန့်တွင် ကျင်းပသည့် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ 

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ) 

ဝူဟန့်မြို့  ကျန်းရှ တာ့ဟွားအားကစားစင်တာရှိ ဖောင်းချန်းဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၁၄ ရက်က စ၍ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19)လူနာများကို စတင် လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ) 

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ပြင်းထန်သူဟု တရုတ်နိုင်ငံတွင် ပထမဆုံး အတည်ပြုခံရသည့် ကလေးငယ်တစ်ဦးသည်  ဆေးကုသမှုခံယူပြီးနှစ်ပတ်အကြာတွင် ရောဂါသက်သာပျောက်ကင်း၍ ဖေဖော်ဝါရီ ၁၃ ရက်က ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်း သိရသည်။

 

ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ချီးကျူးကြောင်းနှင့် ယုံကြည်မှုရှိကြောင်း  ဖော်ပြခဲ့ကြသည်။

ပေကျင်း ၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဟူပေ ပြည်နယ် ပြင်ပ၌ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19) ရောဂါ အသစ် ဖြစ်ပွားမှုနှုန်းမှာ ၁၀ ရက် ဆက်တိုက် ကျဆင်းလာကြောင်း အမျိုးသား ကျန်းမာရေး ကော်မရှင်ထံမှ သိရသည်။