17
Mon, Feb
411 New Articles

ပေကျင်း ၊ ဖေဖော်ဝါရီ ၁ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့်ရသော လူနာအရေအတွက်မှာ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းအထိ စုစုပေါင်း ၃,၂၈၁ ဦးထိ ရှိသွားပြီးဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များက ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) 

ဟူပေပြည်နယ်မှအပ တရုတ်နိုင်ငံ ကျန်ဒေသများတွင်  ဖေဖော်ဝါရီ ၈ ရက် နေ့အထိ စစ်ဆေးတွေ့ရှိချက်များအရ ကိုရိုနာ အဆုတ်ရောင်ရောဂါ အတည်ပြုလူနာ အရေအတွက် နေ့စဉ်တိုးတက်မှုနှုန်းသည် ၅ ရက် ဆက်တိုက် ကျဆင်းလျက်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး‌ကော်မရှင်၏ အချက်အလက်များအရ သိရသည်။ 

ဝူဟန့်၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ) 

ကိုရိုနာအဆုတ်ရောင်ရောဂါ အတည်ပြုလူနာများအား ပထမအသုတ်အဖြစ် ဝူဟန့် လေးဆန်ဆန်းဆေးရုံက ဖေဖော်ဝါရီ ၈ ရက် ည ၈ နာရီတွင် စတင်လက်ခံကုသပေးနေပြီဖြစ်သည်။

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရာ ဝူဟန့်မြို့ရှိ အဓိကဆေးရုံများ၌ ရောဂါပျံ့နှံ့မှု ထိန်းချုပ်ရန် ရှန်ဟိုင်းစီးပွားရေးကုမ္ပဏီတစ်ခုမှ ပုံစံထုတ်ထားကာ ထုတ်လုပ်ထားသော ပိုးသတ်ဆေးဖျန်း စက်ရုပ် ၃၀ ကျော်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 

ပေကျင်း၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံချက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု ရောဂါပြင်းထန်သူများအား ကုသရန် ဗဟိုဘတ်ဂျက်မှ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၇ သန်းခန့်) ရင်းနှီးမြှုပ်နှံထားခဲ့ကြောင်း သိရသည်။ 

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်းမှ ပြန်လည်သက်သာလာပြီးနောက် ဆေးရုံအသီးသီးမှဆင်းခွင့်ရခဲ့သူ အရေအတွက်မှာ ဖေဖော်ဝါရီ ၆ ရက်ညပိုင်းအထိ ၁,၅၄၀ ဦးအထိရှိလာခဲ့ကြောင်း တရုတ် ကျန်းမာရေး အာဏာပိုင်များက ဖေဖော်ဝါရီ ၇ ရက်၌ ကြေညာခဲ့သည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု တိုက်ဖျက်ရေးနှင့် ထိန်းချုပ်ရေးများအတွက် ကမ္ဘာ့နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာက အကူအညီပစ္စည်းများနှင့် အခြားအထောက်အပံ့များအား ပေးပို့ခဲ့ကြောင်း သိရသည်။

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းတွင် တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြရာ အမေရိကန်အနေဖြင့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျိုးကြောင်းလျော်ညီစွာ တုံ့ပြန်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝူဟန့်မြို့တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော လူနာများအား လက်ခံရန် ဆေးရုံအသစ်များ တည်ဆောက်မှုသည် အသိအမှတ်ပြုလောက်ဖွယ် ကြိုးပမ်းအားထုတ်မှုဖြစ်ကြောင်း၊ ရောဂါရှာဖွေရေးနှင့် စမ်းသပ်မှုများ စသည့် ကြီးမားသော အလုပ်တာဝန် ထမ်းဆောင်နေကြသော ဓာတ်ခွဲခန်း ပညာရှင်များကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ချီးကျူးပြောကြားလိုက်သည်။

ပေကျင်း ၊ ဖေဖော်ဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့် ရရှိခဲ့သူ အရေအတွက်မှာ စုစုပေါင်း ၁,၁၅၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များ၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက် အရသိရသည်။