12
Wed, Dec
678 New Articles

ဝူဟန်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ယန်ဇီမြစ်ဖြတ်ရေကူးပြိုင်ပွဲတွင် ဆောင်းရာသီ ရေကူးအားကစားသမား ၁,၀၀၀ ကျော် ပါဝင်မည် ဖြစ်ပြီး Wuxia ချောက်ကမ်းပါးနှင့် Xiling ချောက်ကမ်းပါးတို့ဆုံရာနေရာ၌ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် ကျင်းပလျက်ရှိသည့် Ayutthaya Asian Youth Football Festival 2018 ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပထမပွဲစဉ်တွင် ရန်ကုန်ဘောလုံးအကယ်ဒမီ လက်ရွေးစင် ယူ-၁၃ ဘောလုံးအသင်းက ထိုင်းအခြေစိုက်အသင်းဖြစ်သည့် နာရာယူနိုက်တက်ဘောလုံးအသင်းကို ၈ - ၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ယူပြီး ဗိုလ်လုပွဲတက်ရောက်သွားခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

ထိုင်ခန်၊ တရုတ်၊ မေ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ Liang Rui သည် မေလ ၅ ရက်က ၂၀၁၈ ခုနှစ် IAAF ကမ္ဘာလုံးဆိုင်ရာ လမ်းလျှောက်ပြိုင်ပွဲ ချန်ပီယံရှစ်ပြိုင်ပွဲများ၌ အမျိုးသမီး ကီလိုမီတာ ၅၀ ပြိုင်ပွဲတွင် စံချိန် ၄း ၀၄း ၃၆ နာရီဖြင့် အနိုင်ရရှိခဲ့ကာ ၎င်း၏ ပထမဆုံး တာဝေးလမ်းလျှောက်ပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်ချိုးခဲ့ကြောင်း သိရသည်။

ဟိုင်ခို ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

အရပ်လေးမျက်နှာပင်လယ်ရေ၀န်းရံနေသည့်ဟိုင်နန်ပြည်နယ်သည် အဏ္ဏ၀ါ အားကစားလုပ်ရန် အလွန်သင့်တော်သည့် နေရာဖြစ်သည်။ ၁၉၈၈ ခုနှစ် ဟိုင်နန်ပြည်နယ်စတင်တည်ထောင်ကာစတွင် အဏ္ဏ၀ါအားကစားသည် လူနည်းစုသာပါဝင်လှုပ်ရှားသည့် အားကစားဖြစ်သည်။

နန်နင်း၊ တရုတ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ပထမအကြိမ် တရုတ်-အာဆီယံ ကြက်တောင် တံခွန်စိုက်ပြိုင်ပွဲအား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် အောက်တိုဘာလ ၇ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။