Connect with us

Science & Technology

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး လမ်းချော်မှုအားပြုပြင်လျက်ရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအားပြုပြင်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon-Mandalay Expressway)

ရန်ကုန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၇/ဝ) (အမြန်လမ်း) နေရာတွင် လမ်းချော်မှု ဖြစ်ပေါ်နေကြောင်း Facebook အသုံးပြုသူတစ်ဦး ၏ သတိပေးဖော်ပြထားမှုအား တွေ့ရှိရသည့်အတွက် အဆိုပါနေရာအား ယခုအခါ ပြုပြုင်လျက်ရှိကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

အမြန်လမ်းမကြီးအား အသုံးပြုလျက်ရှိသော ခရီးသွားပြည်သူများ၏ အကြံပြုချက်များကိုလည်း အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိပါသဖြင့် နောက်နောင်တွင်လည်း အမြန်လမ်းမကြီးအား ယခုကဲ့သို့ ဝိုင်းဝန်းအကြံပြုထောက်ပြခြင်းဖြင့် ကူညီပေးကြပါရန် အမြန်လမ်းကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၁၇/ဝ) (အပြန်လမ်း) အပါအဝင် လမ်းပိုင်း အချို့နေရာများ၌ ကတ္တရာအသားတက်ခြင်း (Bleeding) ဖြစ်ပေါ်နေသောကြောင့် မိုးရွာသွန်းသည့်အခါ အဆိုပါနေရာများတွင် ယာဉ်များ အရှိန်ဖြင့် မောင်းနှင်မှုကြောင့် လမ်းချော်ပြီး ယာဉ်မတော်တဆ ဖြစ်ပွားခဲ့သည်ကိုသိရှိရပါသည်။

ယခုအခါ အဆိုပါနေရာများ၌ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ ရာသီဥတု အခြေအနေပေးသည့်အခါ အပိုင်းလိုက် တာဝန်ခွဲပြီး ဆောင်ရွက်လျှက်ရှိကြောင်း၊ ထို့အပြင် မိုးရာသီတွင်ဖြစ်ပွားလျက်ရှိသော လမ်းပေါက်များကိုလည်း ပြုပြင်ဖာထေးလျှက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.