Connect with us

Social

ASEAN အဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက် လျက်ရှိ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တွေ့ ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

အလုပ်သမားများ၏ အရည်အသွေး ပြည့်ဝလာစေရန် နှင့် ကျွမ်းကျင်မှု ရှိလာစေရန် နည်းပညာ နှင့် သက်မွေး သင်တန်း ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး ASEAN အဆင့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက် လျက် ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့မေ ၁ ရက်တွင် အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ပြောကြားခဲ့သည်။

သဝဏ်လွှာတွင် အလုပ်သမားများအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အရေးများ ဆောင်ကြဉ်း ပေးနိုင်ရန် အလုပ်သမား ဥပဒေများ ပြင်ဆင်ခြင်း ၊ အသစ်ပြဋ္ဌာန်းခြင်း တို့ကို ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားသည်။

သင့်လျော်ကောင်းမွန်သော အလုပ် အကိုင် နှင့် ရေရှည်တည်တံ့သည့် စွန့်ဦးတီထွင် စီးပွားရေး အခွင့်အလမ်းများကို အလုပ်လုပ်နိုင်သူများ ပိုမို ရရှိ လက်လှမ်း မီရေး၊ အလုပ်သမားဈေးကွက် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာခြင်းအားဖြင့် အလုပ်ခွင်များမှာ အခြေခံစည်းမျဉ်းနှင့် အခွင့်အရေးများ ကျင့်သုံးမှု အားကောင်းလာစေရေး၊ ထိခိုက်လွယ်သည့် အလုပ်သမား နှင့် ပြည်သူများ အတွက် လူမှုအကာအကွယ်ပေးမှု အကျုံးဝင်စေဖို့ တိုးချဲ့ရေး စသည့် ဦးတည်ဆောင်ရွက်ရမည့် ဦးစားပေးနယ်ပယ် (၃) ရပ် ချမှတ်ပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့် အစီအစဉ်ကို အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ဒေသဆိုင်ရာ အလုပ်သမားရေးရာကိစ္စရပ်များကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် ပူးပေါင်း ဆောင်ရွက် နေသကဲ့သို့အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ ကိစ္စရပ်များကိုလည်း အပြည်ပြည် ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) နှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထို့အတူ ပြည်တွင်းပြည်ပ အလုပ်အကိုင်ရရှိစေရန် အလုပ်အကိုင်ဆိုင်ရာ မူဝါဒ ၊ ရွှေ့ပြောင်း သွားလာမှုဆိုင်ရာ မူဝါဒတို့ ချမှတ်ပြီး နိုင်ငံတစ်ဝန်းတွင် အလုပ်အကိုင် ရှာဖွေရေးရုံး (၈၃) ရုံး ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိကြောင်း ၊ အလုပ်သမားများ ပြည်ပမှာသွားရောက်လုပ်ကိုင်နိုင်ရန် နှင့် ဥပဒေ နှင့် အညီ သတ်မှတ် အခွင့်အရေးများ ရရှိစေရန် မြန်မာအလုပ်သမားများ သွားရောက်လုပ်ကိုင်သည့် နိုင်ငံများနှင့် အလုပ်သမား စေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုးပြီး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထိုအတူ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ အသစ်ကိုလည်း မကြာမီ ပြဋ္ဌာန်းရန် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှာ ဖွဲ့စည်းထားတဲ့ အနည်းဆုံး အခကြေးငွေဆိုင်ရာ သုံးပွင့်ဆိုင် ကော်မတီများရဲ့ တွေ့ရှိချက်များကို အခြေခံပြီး သတ်မှတ်ထားတဲ့ အလုပ်သမားများ ရသင့်သည့် အနည်းဆုံး အခကြေးငွေနှုန်းထား အသစ်တစ်ရပ်ကို မကြာမီ ထုတ်ပြန် နိုင်တော့မည် ဖြစ်ကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အပြင် အလုပ်သမားများ၏ ဘဝ စိုပြေသာယာရေးအတွက် ရေတိုကာလတွင် အလုပ်သမားများ၏ လူမှုဖူလုံရေး ရန်ပုံငွေများကို အလုပ်သမားများ အတွက် ထိထိရောက်ရောက် စီမံပေးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် နိုင်ငံတော်က ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များတွင် အပြုသဘော တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်ရင်း အခက်အခဲများ၊ စိန်ခေါ်မှုများကို အောင်မြင်စွာ ဖြတ်ကျော်ကြပါစို့ဟု သဝဏ်လွှာတွင် အလေးအနက် တိုက်တွန်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.