Connect with us

Science & Technology

တရုတ်နိုင်ငံ DJI ကုမ္ပဏီက စိုက်ပျိုးရေးသုံး ဒရုန်းအသစ် တီထွင်ထုတ်လုပ်

တရုတ်နိုင်ငံ DJI ကုမ္ပဏီမှ ထုတ်လုပ်သော စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းယာဉ်များအားတွေ့ရစဉ်(ဆင်ဟွာ)

ရှန်ကျန်း ၊ နိုဝင်ဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မောင်းသူမဲ့ ဒရုန်း(Drone) ထုတ်လုပ်ရေးကုမ္ပဏီ DJI က တရုတ်နိုင်ငံတောင်ပိုင်း ရှန်ကျန်းမြို့(Shenzhen) ၌ နိုဝင်ဘာ ၅ ရက်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းယာဉ်ငယ်အသစ် တစ်မျိုးကို ထုတ်ဖော် မိတ်ဆက်ပြသခဲ့ကြောင်း သိရသည်။

T20 အမျိုးအစား စိုက်ပျိုးရေးသုံးဒရုန်းသည် အတားအဆီးများကို ရှောင်ကွင်းသွားလာနိုင်သည့် ကိုယ်ပိုင်လမ်းကြောင်းပြစနစ်တစ်ခုပါဝင်ကြောင်း ၊ ယင်းသည် သွားလာရန်ခက်ခဲသည့် စိုက်ပျိုးမြေများတွင် ကောင်းမွန်စွာအသုံးပြုနိုင်ကြောင်း နှင့် သတ်မှတ်ထားသည့် ပျံသန်းမှုအမြင့်ပေအတွင်း ကောင်းစွာမောင်းနှင်နိုင်ကြောင်း သိရသည်။

၎င်းတွင် အလင်းအမှောင် အနေအထားနှစ်ရပ်စလုံး၌ အတားအဆီးများကို ဖြတ်ကျော် ပျံသန်းနိုင်စွမ်းရှိသော ပကတိအနေအထားအတိုင်း ပုံရိပ်ဖော်ပေးသည့် မျက်နှာပြင်တစ်ခု နှင့် ညအချိန် ရှာဖွေရေး မီးရောင်စနစ်တစ်ခုတို့ ပါဝင်ကြောင်း သိရသည်။

၎င်းဒရုန်းယာဉ်သည် တစ်နာရီ ၁၈၀ mu (၁၂ ဟက်တာ) အကျယ်ထိ လွှမ်းခြုံမိအောင် ပျံသန်းနိုင်စွမ်းရှိကြောင်း ၊ ယခင်မျိုးဆက်ဟောင်းဒရုန်းနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်း စွမ်းဆောင်ရည်ပိုမိုမြင့်မားကြောင်း DJI စိုက်ပျိုးရေးကုမ္ပဏီ အရောင်းဌာန ညွှန်ကြားရေးမှူး Chen Tao ကဆိုသည်။

လွန်ခဲ့သော နှစ်များတွင် DJI သည် တရုတ်နိုင်ငံစိုက်ပျိုးရေးဈေးကွက်တွင် အလုပ်အကိုင်သစ်ပေါင်း ၃၀,၀၀၀ ကျော်ဖန်တီးပေးခဲ့ကြောင်း နှင့် လူငယ်များစွာကို နေရပ်ပြန်၍ ကိုယ်ပိုင်စီးပွားရေးစတင်နိုင်ရန် တွန်းအားပေးခဲ့ကြောင်း သိရသည်။

DJI စိုက်ပျိုးရေးသုံးပစ္စည်းကိရိယာများကို ယခုအခါ ဂျပန် ၊ တောင်ကိုရီးယား ၊ အရှေ့တောင်အာရှနိုင်ငံများ နှင့် လက်တင်အမေရိက နိုင်ငံများတွင် ကောင်းစွာအသုံးပြုလျက်ရှိကြောင်း ၊ ကုမ္ပဏီအနေဖြင့် အနာဂတ်တွင် လုပ်ငန်းတိုးချဲ့ရန် စီစဉ်လျက်ရှိသည်။

တရုတ်နိုင်ငံထုတ်ဒရုန်းများသည် ကမာ္ဘ့အရပ်ဖက်သုံးဒရုန်းဈေးကွက်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားကြောင်း ဒရုန်းနည်းပညာ စိစစ်အကဲဖြတ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Skylogic ၏ အချက်အလက် အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.