Connect with us

Australia / Oceania

သြစတြေးလျ တွင် ကန်ဒေါ်လာ ၃၄သန်းဖိုးရှိ အိုက်စ် (Ice) မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အိုက်စ် (Ice) မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မယ်လ်ဘုန်း၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

အနောက် သြစတြေးလျ (WA) ရှိ သြစတြေးလျနယ်ခြားစောင့်တပ်ဖွဲ့ (ABF) အာဏာပိုင်များသည် အာဖရိကမှရောက်ရှိလာသောကုန်တင်သင်္ဘာတစ်စင်း အတွင်း၌ အမေရိကန်ဒေါ်လာ ၃၄သန်းတန် methamphetamine (ခေါ်) အိုက်စ် (ice) မူးယစ်ဆေးဝါး ၄၅ကီလိုဂရမ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အနောက် သြစတြေးလျ ရှိ ABF ဒေသဆိုင်ရာ တပ်မှူး Rod O’Donnell က ယခုဖမ်းဆီးရမိမှုသည် သြစတြေးလျ ဖယ်ဒရယ်ရဲတပ်ဖွဲ့ (AFP) နှင့် ABF တို့၏ သြစတြေးလျနိုင်ငံအတွင်း၌ တရားမဝင် မူးယစ်ဆေးဝါးများကုန်သွယ်မှုကို တိုက်ဖျက်ရန် သဘောတူညီမှု၏ ဥပမာတစ်ခုသာ ဖြစ်ကြောင်း Fairfax မီဒီယာသို့ သြဂုတ် ၃၀ ရက်တွင်ပြောကြားခဲ့သည်။
သံသယဖြစ်ဖွယ်ရှိသော ကုန်သေတ္တာတစ်လုံးအတွင်း၌ အိုက်စ် (ice) မူးယစ်ဆေးဝါးအထုပ် ၁၀၆ထုပ် ခန့်ရှာဖွေတွေ့ရှိခဲ့ပြီး ယင်းမူးယစ်ဆေးဝါးများအား ကျွန်းသစ်တုံးများအတွင်း ထည့်သွင်းလာခြင်းဖြစ်ကာ အိတ်စ်ထရေး (X-ray) ဖြင့်စစ်ဆေးရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
WA ရဲတပ်ဖွဲ့နှင့် သြစတြေးလျ ဖယ်ဒရယ်ရဲတပ်ဖွဲ့ (AFP)သည် Perth မြို့တောင်ဘက် ၅၀ကီလိုမီတာ အကွာ ရှိ ကျေးလက်ဆင်ခြေဖုံး တစ်နေရာဖြစ်သော Baldivis သို့ ပို့ဆောင်လိုက်သည့် ကုန်သေတ္တာများအား ခြေရာခံလိုက်ခဲ့ပြီးနောက် အသက် ၅၄နှစ် နှင့် ၄၂နှစ်အရွယ် အမျိုးသားနှစ်ဦးအား တရားမဝင် တင်သွင်းလာသည့် မူးယစ်ဆေးဝါးများအား ရောင်းတန်းဝင်စေရန် ကြိုးစားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အနောက် သြစတြေးလျ မှ အသက် ၃၃နှစ်အရွယ် အမျိုးသားတစ်ဦး နှင့် ဗစ်တိုးရီးယားမြို့မှ အသက် ၂၉နှစ်အရွယ် နိုင်ဂျီးရီးယား နိုင်ငံသား တစ်ဦးကိုလည်း နယ်စပ်၌ ထိန်းချုပ်ထားသည့် ရောင်းတန်းဝင် အဆင့် မူးယစ်ဆေးဝါးများ တင်ပို့မှု၊ ရာဇဝတ်မှုများနှင့် ဆက်နွယ်နေမှုတို့ဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သြဂုတ်လ တွင် စစ်ဆေးခဲ့သည့် ဆီးစစ်ချက်များအရ အနောက် သြစတြေးလျ နိုင်ငံသားများသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၅ဘီလီယံ တန်ဖိုးရှိသည့် methamphetamine မူးယစ်ဆေးဝါး ၂တန်သုံးစွဲလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.