Connect with us

Culture

တရုတ်ရိုးရာ ခြင်္သေ့စွမ်းရည် ပြိုင်ပွဲ၌ L.D.C.R(C) အသင်း ချန်ပီယံ ဗိုလ်စွဲ

တရုတ် ရိုးရာ ခြင်္သေ့ စွမ်းရည် ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အသင်းအား ဆုတံဆိပ်များ ချီးမြှင့်စဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ၊ လသာ မြို့နယ် စဉ့်အိုးတန်းလမ်း(အထက်)၌ ကျင်းပသည့် ၁၅ ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက အလှ စွမ်းရည် ပြိုင်ပွဲတွင် နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အဖြစ် တရုတ်ရိုးရာ ခြင်္သေ့ စွမ်းရည် ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ဇန်နဝါရီ ၂၉ ရက်က ကျင်းပ ပြုလုပ်ရာ L.D.C.R(C) အသင်းက ချန်ပီယံဆု ရရှိသွားခဲ့သည်။ 

တရုတ် ရိုးရာ ခြင်္သေ့ စွမ်းရည် ပြိုင်ပွဲအား ဇန်နဝါရီ ၂၆ ရက်မှ ဇန်နဝါရီ ၂၈ ရက် အထိ အုပ်စု ပြိုင်ပွဲများ ပြုလုပ် ခဲ့ပြီးနောက် ဗိုလ်လုပွဲ အဖြစ် အုပ်စု ပြိုင်ပွဲတွင် အမှတ်အများဆုံး အသင်း ခြောက်သင်း ၊ ထိုင်းနိုင်ငံမှ အသင်း နှစ်သင်း  နှင့် ၂၀၁၉ ခုနှစ် Championship မိုးနဂါး ခြင်္သေ့ အသင်း တို့ဖြင့် စုစုပေါင်း အသင်း ကိုးသင်းက နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အဖြစ်  ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

 တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက အလှ စွမ်းရည် ပြိုင်ပွဲ ကျင်းပမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အဖြစ် ယှဉ်ပြိုင် ကျင်းပခဲ့ရာ ပထမဆုအား L.D.C.R(C) အသင်းကလည်းကောင်း ၊ ဒုတိယဆု အား  Bai Hu (A) အသင်းက လည်းကောင်း ၊ တတိယဆုအား Bai Hu (B) အသင်းက လည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက အလှ စွမ်းရည် ပြိုင်ပွဲအား တရုတ် နှစ်ကူးအချိန်အခါတွင် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက မပပျောက် စေရေး နှင့် အချင်းချင်း စည်းလုံး ညီညွတ်မှု ၊ ရိုင်းပင်း ကူညီမှုများ ရရှိစေပြီး မိဘပြည်သူများ ပျော်ရွှင် လန်းဆန်းစွာ နှစ်သစ်ကူးတွင် အပန်းပြေ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ နှစ်စဉ် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံ ခြင်္သေ့ ၊ နဂါး အဖွဲ့ချုပ်မှ ကြီးမှူး ကျင်းပသည့် တရုတ် ရိုးရာ ခြင်္သေ့ ၊ နဂါး အက အလှ စွမ်းရည် ပြိုင်ပွဲအား ၂၀၀၆ ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် ၁၅ ကြိမ်မြောက်တွင် နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲကို ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.