Connect with us

Politics, Law & Military

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဥက္ကဌ အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်

နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သည့် NRPC ဖွဲ့စည်းကြောင်း အမိန့်ကြေငြာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဇူလိုင် ၁၁ ရက်(ဆင်ဟွာ)

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိရောက် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်စေရေး အတွက် လိုအပ်သော မူဝါဒများ ချမှတ်ပေးခြင်း နှင့် ဦးဆောင် လမ်းညွှန်မှု ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ် ပါဝင်၍ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ ထုတ်ပြန်သည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေး နှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) တွင် ဥက္ကဌ အဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ ဥက္ကဌ များအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သည့် NRPC ဖွဲ့စည်းကြောင်း အမိန့်ကြေငြာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန်သည့် NRPC ဖွဲ့စည်းကြောင်း အမိန့်ကြေငြာစာအား တွေ့ရစဉ်(ဓာတ်ပုံ-Myanmar President Office)

NRPC ၏ လုပ်ငန်းတာဝန်များသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်နက်ကိုင် အင်အားစုများ ၊ အဖွဲ့အစည်း တာဝန်ရှိသူများ အဆင်ပြေ ချောမွေ့စွာ ပူးပေါင်း ပါဝင်နိုင်ရန် လိုအပ်သော ဦးဆောင် လမ်းညွှန်မှု ပေးခြင်း ၊ နိုင်ငံတော်အား ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရေး အတွက် နည်းလမ်းများ ရှာဖွေ ဖော်ထုတ်ခြင်း တို့ ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.