Connect with us

ASEAN

သီရိလင်္ကာနိုင်ငံ၌ Quarantine စည်းမျဉ်း ဥပဒေများ ချိုးဖောက်မှုဖြင့် လူ ၅၀,၀၀၀ ကျော် အဖမ်းခံရ

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ဘတ်စ်ကားစီးရန် စောင့်ဆိုင်းနေသော ပြည်သူများအား ဇွန် ၂၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ကိုလံဘို ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သည့်နှစ်မှစ၍ COVID-19 ရောဂါကူးစက်ခံရသူ ပေါင်း၂၉၆,၅၁၆ ဦး ရှိပြီး ယင်းကာလအတွင်း Quarantine စဉ်းမျဉ်း ဥပဒေ ချိုးဖောက်မှုဖြင့် ပြီးခဲ့သောနှစ် အောက်တိုဘာလမှ ယခုနှစ်ဇူလိုင် ၂၆ ရက်အထိ လူပေါင်း ၅၀,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။Quarantine စဉ်းမျဉ်း ဥပဒေများအား ချိုးဖောက်မှုများဖြင့် ပြီးခဲ့သောနှစ် အောက်တိုဘာလမှစ၍ လူပေါင်း ၅၂,၁၅၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ajith Rohana က ဆိုသည်။

ထို့အပြင် ခရိုင်တစ်ခုနှင့်တစ်ခုအကြား ခရီးသွားလာခွင့်ကန့်သတ်ချက်အား ချိုးဖောက်ခဲ့သည့် လူ ၁၀၀ ကိုလည်း ၎င်းတို့၏ သက်ဆိုင်ရာပြည်နယ်များသို့ အသီးသီး ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံသည် COVID-19 ကပ်ရောဂါ လျှင်မြန်စွာ ပြန့်နှံ့နေခြင်းကြောင့် လက်ရှိတွင် ခရိုင်တစ်ခုမှ တစ်ခုသို့ ခရီးသွားလာခြင်းကို ကန့်သတ်ထားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန် နှင့် လူအချင်းခပ်ခွာခွာနေထိုင်မှု social distance အား လိုက်နာရန် သီရိလင်္ကာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနတိုက်တွန်းထားပြီး မည်သူမဆို ယင်းစည်းမျဉ်းများကို ချိုးဖောက်ပါက ထောင်ဒဏ် အထိ အပြစ်ပေး အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)
Over 50,000 arrested in Sri Lanka for violating quarantine laws

COLOMBO, July 26 (Xinhua) — Over 50,000 people have been arrested in Sri Lanka since last October for violating the quarantine laws amid the COVID-19 pandemic which has infected 296,516 people to date since last year, police said.

According to Police Spokesperson Ajith Rohana, 52,154 people have been arrested since last October for violating quarantine laws.
Furthermore, 100 people who had broken the inter-district travel restriction were also turned and sent back to their respective provinces.

Sri Lanka presently has a district-to-district travel restriction in place due to the rapid spread of the COVID-19 pandemic.
The country’s health ministry has also made it compulsory to wear masks and maintain social distance and anyone caught defying these rules can face a jail term. Enditem
Photo – People wait for buses in Colombo, Sri Lanka, on June 21, 2021. (Photo by Ajith Perera/Xinhua)