19
Thu, Jan
682 New Articles

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ခရီးသွားအဖွဲ့ချုပ် (MTF) ၏ တရားဝင်မိတ်ဖက် အဖွဲ့ အစည်းဖြစ်သော Travel Support ကုမ္ပဏီ လီမိတက်မှ နိုင်ငံတကာ ခရီးသွားဝန်ဆောင်မှုပြပွဲ (မြန်မာ) ၂ဝ၁၇ (International Tourism Expo , Myanmar 2017 ) ပွဲကြီးအား ရန်ကုန် မြို့ရှိ တပ်မတော်ခန်းမ၌ ဇန်နဝါရီ ၂ဝ ရက်မှ ၂၂ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၉ ရက် (ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ခေါင်းဆောင်များပါဝင်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ကို ယနေ့  ဖွဲ့စည်းလိုက်ကြောင်း ယင်းအဖွဲ့ချုပ်က ထုတ်ပြန်လိုက်သည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့အတွင်း အဓိကလမ်းကြောင်းများအတွင်းရှိ ဘတ်စ်ကား မှတ်တိုင်ပေါင်း ၂၅ဝ ခန့်ကို နိုင်ငံတကာအဆင့်မီ ဘတ်စ်ကားမှတ်တိုင်များအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၉ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ၂ဝ၁၆ ခုနှစ်တွင် မီးလောင်ကျွမ်းမှု၄၂ ကြိမ်ဖြစ် ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၀၀ကျော်ရှိကြောင်း မြိတ်ခရိုင်မီးသတ် ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၉ ရက် (ဆင်ဟွာ)

တောင်ဥက္ကလာပမြို့နယ်၊ ရတနာလမ်းထိပ် က.ည.နရုံးအနီးတွင် ယနေ့ ဇန်န၀ါရီ ၁၉ ရက်နေ့ နံနက် ၈နာရီခွဲခန့်က ဂတ်စ်ပိုက်လိုင်း ပေါက်ပြီး  ကားနှစ်စီးမီးလောင်သွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့ အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စ ရန်ဟီလီ (Ms. Yanghee Lee)အား နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက သမ္မတ အိမ်တော်တွင် ယနေ့  နေ့  လယ် ၂း ၀၀ နာရီမှ ၃း ၀၀ နာရီအထိ လက်ခံ တွေ့ ဆုံခဲ့သည်။

နေပြည်တော်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများကို GMP (Good Manufacturing Practice) နည်းစဉ်ဖြင့် အဆင့်မြှင့် ပြောင်းလဲ ထုတ်လုပ်သည့် လုပ်ငန်းကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် နိုင်ငံတော် ဒုတိယ သမ္မတ(၁) ဦးမြင့်ဆွေက မြန်မာ့တိုင်းရင်းဆေး သမားတော်များ၏ (၁၇)ကြိမ်မြောက် ညီလာခံတွင် တိုက်တွန်း ပြောကြားခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

ခရီးသည်ကိုထိုးသော YBS အမှတ် ၆ ယာဉ်လိုင်း၏ ယာဉ်နောက်လိုက်ကို လက်တလော ပုဒ်မ ၄၁ဖြင့် ထောင်ဒဏ် ၈ ရက်ချမှတ်လိုက်ကြောင်း အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ဘီးလင်းမြို့၌ ဒေသခံ ၅၀ကျော် အစာအဆိပ်သင့်ပြီး အော့အန်မှုများဖြစ်ပွားနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပထမဆုံးအကြိမ် ဖွင့်လှစ်ခဲ့သည့် AFC MA Coaching Instructor Course 2016 (အာရှဘောလုံးအဖွဲ့ချုပ် အသိအမှတ်ပြု ဘောလုံးနည်းပြသင်တန်း ) အတွက် သင်တန်းအောင်မြင်သူများစာရင်းကို အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ထုတ်ပြန်ပေးခဲ့ရာ သင်တန်းတက်ရောက်သူ ၁၇ ဦးအနက် ၁၆ ဦး အောင်မြင်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။