23
Thu, May
581 New Articles

ရန်ကုန်တောင်ပိုင်းခရိုင် ကိုး မြို့နယ်၌ မိုးစပါး ၇၉၈,၁၉၁ ဧက စိုက်ပျိုးမည်

ထွန်စက်ဖြင့် ထွန်ယက်နေစဉ် (ဓာတ်ပုံ--ကြေးမုံ) Agriculture

ရန်ကုန်၊ ဇွန်  ၃၀ ရက် (ဆင်ဟွာ) 

ပြည်တွင်းစားသုံးမှုဆန်ဖူလုံစေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် မြို့နယ် ကိုး မြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ မိုးရာသီတွင် မိုးစပါး ၇၉၈,၁၉၁ ဧကအား လျာထားကာ ဒေသနှင့်ကိုက်ညီသော မျိုးစပါးများ ကို ထွန်ယက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မိုးရာသီတွင် မိုးစပါးလျာထားစိုက်ပျိုးမည့် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်း၊ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များတွင် ဒေသမျိုးစပါးများဖြစ်သော ရာကျော်၊ ရွှေဝါထွန်း၊ မနောသုခ၊ မီးတုံး၊ ငကျွဲ၊ ပေါ်ဆန်းရင်စသော မျိုးစပါးတို့အား လျာထားဧက ပြည့်မီကျော်လွန်သည်အထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။  (Xinhua)