ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)
လပွတ္တာမြို့၌ မြန်မာ့ရိုးရာသင်္ကြန်ကို ပါဝင်ဆင်နွဲကြသော အများပြည်သူများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးရုံဆေးခန်းများသို့ အချိန်မှီညွှန်းပို့နိုင်ရန် တို့အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လပွတ္တာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးဆောင်၍ ရေကစား မဏ္ဍာပ်နေရာများတွင် ကူညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။