22
Mon, Oct
733 New Articles
ရန်ကုန်မြို့ ၌ တရုတ်နှစ်သစ်ကူး ခြင်္သေ့အက နှင့် နဂါးအက ဖျော်ဖြေတင်ဆက်
ရန်ကုန်မြို့ တရုတ်နှစ်သစ်ကူးအကြို ပုံရိပ်များအားတွေ့ ရစဉ်(ဆင်ဟွာ) Culture & Entertainment
ရန်ကုန်၊ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)
ရန်ကုန်မြို့ ဂျန်းရှင်းစကွဲ၌ ဖေဖော်ဝါရီ ၇ ရက် ညပိုင်းတွင် တရုတ်နှစ်သစ်ကူး ဖျော်ဖြေရေး တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်ရိုးရာ ခြင်္သေ့ အက နှင့် နဂါးအက မျာကို တင်ဆက်ကပြခဲ့ကြောင်း သိရသည်။ယခုပြိုင်ပွဲသည် ၄ ကြိမ်မြောက် ကျင်းပသော ပြိုင်ပွဲတစ်ခုဖြစ်ပြီး " တရုတ်ခြင်္သေ့နဂါးအကရိုးရာယဉ်ကျေးမှုကို ပြသချင်လို့ပါ" ဟူ၍ Myanmar Lion and Dragon dance federation အတွင်းရေးမှူးဦးသိန်းအောင်က ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၇ ရက် မှ ၁၄ ရက်ထိ  ညစဉ် ကျင်းပမည့် အကပြိုင်ပွဲများအတွက်  ခြင်္သေ့အက ပြိုင်ပွဲဝင် ၁၇ ဖွဲ့ နှင့် နဂါးအက ပြိုင်ပွဲဝင် ၁၂ ဖွဲ့  တို့ ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။အဆိုပါအကပြိုင်ပွဲများကို မြန်မာနိုင်ငံခြင်္သေ့ နှင့် နဂါးအက အဖွဲ့ ချုပ် နှင့် ဂျန်းရှင်းစင်တာအုပ်စု(Junction Center Group) တို့ ပူးပေါင်း တင်ဆက်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)