စစ်ကိုင်းတိုင်းဒေသကြီး ရှိ ချင်းတွင်းသင်္ကြန်ကျင်းပမည့် ကွင်းအတွင်း အပူရှိန်လျှော့ချရန် ရေပန်း (၁ဝဝ) ကျော် တပ်ဆင်လျက်ရှိ

ချင်းတွင်းသင်္ကြန် တည်ဆောက်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI) Culture & Entertainment

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင်တွင် ဒုတိယအကြိမ် ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် လာရောက်ရေကစားကြသူများ အပူရှိန်ခံစားမှုကို လျှော့ချပေးနိုင်ရန်အတွက် ရေပန်း အကြီးအသေး (၁၁ဝ) ကျော် တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်ကျင်းပမည့် ချင်းတွင်းသင်္ကြန်ဖျော်ဖြေရေး မဏ္ဍပ်နေရာတွင် ၆ လက်မ ပိုက် ရေပန်းကြီး (၁၂)ခုကို အောင်မြသန်းရေယာဉ်အုပ်စုမှလည်းကောင်း၊ စားသောက်ဆိုင် တန်းများနှင့် အဝင်/ အထွက်လမ်းများတွင် ၁ လက်မ ရေပန်းလေး(၉ဝ)ကျော်အား မြို့နယ်စည်ပင်သာယာရေးကော်မတီမှလည်းကောင်း တပ်ဆင်ပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua)