12
Wed, Dec
678 New Articles

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

 

ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ရင်ပြင်၌ ဘုရင့်နောင်မင်းတရားကြီး၏ ခေါင်းလောင်းစာကို ကမ္ဘာ့မှတ်တမ်း အမွေ အနှစ်စာရင်းဝင် အထိမ်းအမှတ်တံဆိပ် စိုက်ထူခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှု ဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ) 

Myanmar Idol season 3 ၏ Grand Final တွင် ကျန်းမာရေးအရ လာရောက် ယှဉ်ပြိုင်ခြင်းမပြုနိုင်ခဲ့သည့် ချမ်းမြေ့မောင်ချို သည် ပြိုင်ပွဲဝင် ဖြိုးမြတ်အောင် Round 3 သီဆို မှု အပြီးတွင် ဆေးရုံမှ လာရောက်သီဆိုဖျော်ဖြေခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၁၁ရက် (ဆင်ဟွာ)

Myanmar Idol Season 3  တွင် နံပါတ် ၁၁ ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ချမ်းမြေ့ မောင်ချို သည် Grand Final ပြိုင်ပွဲတွင် ကျန်းမာရေးအရ လာရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် နံပါတ် ၇ ပြိုင်ပွဲဝင်  ဖြိုးမြတ်အောင်သည် Myanmar Idol Winner ဆုအားရရှိခဲ့သည်။

ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ကြက်တစ်ကောင်ဘိနယ်၊ မအူကုန်းရွာအနီး၌ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ အင်/သစ်ယာသစ်/ခွဲသား (၂၂၄) ချောင်း  အလေးချိန်အားဖြင့် ၃၉.၄၂၆၄ တန် နှင့် ချိန်းဆော(၁)လက်၊ အင်ဂျင်(၄)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများအား ဇူလိုင်လ ၁၈ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)

ကရင်ရိုးရာချည်ဖြူဖွဲ့ပွဲတော်ကို လာမည့်သြဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၊မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ Miss Myanmar World 2018 ၏ သရဖူကို အလှမယ် ဟန်တီက ဆွတ်ခူးရရှိခဲ့ကြောင်း ဇူလိုင်လ ၁၄ ရက်နေ့တွင် ကျင်းပသော အဆိုပါ ပြိုင်ပွဲ နောက်ဆုံးအဆင့်ရွေးချယ်ပွဲမှ သိရသည်။

ရန်ကုန်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ) 

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး ဆောင်ရွက်လျက်ရှိသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၏ မြို့နယ် လေးခုတွင် ကြိုးကြာခေါင်းနီငှက်သိုက် များကို သုတေသနပြု မှတ်တမ်းတင် ခြင်းများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ရန်ကုန်စာတိုက်ကြီး၏ နှစ် ၁၁ဝ ပြည့်ပွဲကို ကမ္ဘာ့စာပို့ တိုက်နေ့ဖြစ်သော အောက်တိုဘာ ၉ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ပထမဆုံးအကြိမ် ကရင်ရိုးရာ တာလပေါ့ဟင်းချက်ပြိုင်ပွဲနှင့် ကရင်ရိုးရာ အစားအသောက်ပြပွဲကို ကရင်ပြည်နယ်၊ ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ပထမအကြိမ် ကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ပုဂံဒေသရှိ ဘုရားများပေါ်သို့ တက်ရောက်ခြင်းမပြုရသည့် အကြောင်း ရင်းများနှင့် ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ  တက်ရောက်ခြင်းမပြုရသည့် အကြောင်းအရင်းများအား အသိပေးခြင်းအား ယနေ့ထုတ်ပြန်လိုက်သည်။