13
Thu, Dec
660 New Articles

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

စင်ကာပူနိုင်ငံတွင်ကျင်းပ‌သော Mrs./Ms. Top of the world Plus Size 2017 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်သည့် အလှမယ် စန္ဒီမင်းအောင် က Miss Star Plus Size 2017 ဆုနှင့်Miss Popular Award Plus Size 2017ဆုတို့ကိုဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂ ရက်(ဆင်ဟွာ)

ရွှေတိဂုံစေတီတော်တွင် နှစ်စဉ် ကျင်းပမြဲဖြစ်သော (၃၃)ကြိမ်မြောက် မသိုးသင်္ကန်းရက် ပြိုင်ပွဲကို နိုဝင်ဘာ ၂ ရက် (တန်ဆောင် မုန်းလဆန်း ၁၄ ရက်-အဖိတ်နေ့ည)တွင် စေတီတော်အောင်မြေ၌ ကျင်းပလျှက် ရှိကြောင်း သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော တောင်ကြီးတန်ဆောင်တိုင်ပွဲတော်၌ ညလွှတ် မီးပုံးပျံ စုစုပေါင်း ၁၂၇လုံး၊ နေ့လွှတ်အရုပ် ၂၆၆လုံး၊ စုစုပေါင်း ၃၉၃လုံး လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ)

ASEAN+3 နိုင်ငံများရှိ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်ဒေသများတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆိုင်ရာလိုအပ်သော ယဉ်ကျေးမှုဆိုင်ရာ သတင်းအချက်အလက်များ ထောက်ပံ့ပေးနိုင်မည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ) 

နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိ သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ၁၉ ခုမြောက်ကမ္ဗည်းပြားအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့နှင့် Royal Philips Corporation တို့ပူးပေါင်းကာ တပ်ဆင်ပေးခဲ့ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။ 

ရန်ကုန် ၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အထင်ကရ ပွဲတော် တစ်ခု ဖြစ်သည့် ပြင်ဦးလွင် ပန်းပွဲတော်အား ဒီဇင်ဘာလ ၁ ရက်တွင် ပြင်ဦးလွင်မြို့ ရှိ အမျိုးသား ကန်တော်ကြီး ဥယျာဉ်(ပြင်ဦးလွင်)၌ စတင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားမှုအရ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တောင်ဦးကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှု များပြားခဲ့ခြင်းကြောင့် မြစ်သာမြစ်ရေ တိုက်စားကာ စက်တင်ဘာ ၁၃ ရက်က ကမ်းပြိုကျရာမှ ရှေးဟောင်းအုတ်ရိုး တန်းတစ်ခု ပေါ်ထွက်လာခဲ့ရာ အဆိုပါ ရှေးဟောင်းအုတ်ရိုးတန်းကို သက်ဆိုင် ရာအဖွဲ့အစည်းများနှင့် သုတေသနပညာ ရှင်များပူးပေါင်းကာ တူးဖော် လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်း ကလေးတက္ကသိုလ် သမိုင်းဌာန မှ သိရသည်။

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရွှေတိဂုံစေတီတော်မြတ်သို့ ယခုနှစ် ကိုးလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် လေးသိန်းကျော် ၀င်ရောက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ  သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကမ္ဘာ့အကြီးကျယ်ဆုံး အလှမယ် ပြိုင်ပွဲ ဖြစ်သည့် မယ်စကြာဝဠာ(Miss Universe 2018 ) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည့် မယ်စကြဝဠာ မြန်မာ(Miss Universe Myanmar) ၂၀၁၈ သရဖူဆုပိုင်ရှင်အဖြစ်ပဲခူးမှ အလှမယ်နှင်းသွေးယုအောင် အား ရွေးချယ်ခံခဲ့ရကြောင်းသိရသည်။

ရန်ကုန်၊ စက်တင်ဘာ  ၂၈ ရက် (ဆင်ဟွာ)

 

ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် ပူးပေါင်းဖြေရှင်းမှုအပါအ၀င်  မြန်မာနိုင်ငံ၊ အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီအောက်ရှိ ယဉ်ကျေးမှုဆပ်ကော်မတီ၏ စီမံကိန်းတစ်ခုဖြစ်သည့် “Workshop on Disaster Risk Management for Cultural Heritage Sites in ASEAN+3 Countries” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။