25
Mon, Jun
791 New Articles

နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အစိုးရသစ်လက်ထက် တစ်နှစ်အတွင်း ရွှေတိဂုံ၊ ကျိုက်ထီးရိုး၊ မဟာမုနိနှင့် ကမ္ဘာအေး စေတီတော်များ၏ အလှူငွေရရှိမှုမှာ ယမန်နှစ်ကထက် ပိုမို များပြားခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ခေတ္တအမြဲတမ်း အတွင်းဝန် ဦးထွန်းအုံ ရှင်းလင်း ယနေ့ ပြောကြားသည်။

ရန်ကုန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံတကာမှ  DJ ပညာရှင် အများအပြား ပါဝင်ဖျော်ဖြေမည့် Together Festival Yangon ဖျော်ဖြေပွဲကို ဧပြီ ၂၉ ရက်နှင့် ၃ဝ ရက်တို့တွင် ရန်ကုန်မြို့ရှိ  Thuwunna Bhumi Event Park ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်ကာလတွင် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရရှိသူ ၁၅၂ ဦး ရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) 

ယခုနှစ် မန္တလေး မဟာသင်္ကြန်ကို မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ကျင်းပခြင်း၊ မဏ္ဍပ်များ အရွယ်အစားရော အရေအတွက် လျှော့ချခြင်း၊ ၂၆ ဘီလမ်းတစ်လျှောက် လမ်းလျှောက် သင်္ကြန်အသွင်ပြောင်းခြင်း၊ လူငယ်သင်္ကြန်ကို ၆၂ လမ်း မနော်ရမ္မံအရပ်တွင် သီးခြား ခွဲထားခြင်း စသည့် ပြောင်းလဲမှုများအရ ယခင်နှစ်များကဲ့သို့  စည်ကားနိုင် ပါ့မလားဟု အများက ပူပန်ခဲ့ကြသော်လည်း ဒုတိယမြောက်နေ့ ( အကျနေ့ )ကို စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်(ရန်ကုန်)၏ ရခိုင်သင်္ကြန် ရီလောင်းပွဲအား ယနေ့ ဧပြီ ၁၃ ရက်တွင် ရန်ကုန်မြို့  သုဝဏ္ဏ ဘောလုံးကွင်း၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန် ၊ ဧပြီ ၁၃ ရက်(ဆင်ဟွာ)

မြန်မာ သက္ကရာဇ် ၁၃၇၈ ခုနှစ်တွင် ကျရောက်သော မြန်မာ နှစ်သစ်ကူး အတာ သင်္ကြန် ပွဲတော် အတွက် ရန်ကုန် မြို့ တော် မဟာ သင်္ကြန် ဗဟို မဏ္ဍပ်အား ယနေ့ ဧပြီ ၁၃ ရက်(သင်္ကြန် အကြိုနေ့ ) နံနက်ပိုင်းတွင် ရန်ကုန်မြို့ တော်ခန်းမရှေ့ ၌ စတင် ဖွင့်လှစ်ခဲ့သည်။

မန္တလေး ၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)

ပြောင်းလဲချိန်တန်ပြီ ဆိုသည်နှင့်အညီ ပြည်သူ့ အစိုးရက နိုင်ငံတော်ကို ပြန်လည် တည့်မတ် နေချိန်တွင် နိုင်ငံသားအချင်းချင်း အပြန်အလှန် စောင့်ရှောက်ကြရန်နှင့် နိုင်ငံတော်ကြီး ဖွံ့ ဖြိုး တိုးတက်ရေးတွင် ကိုယ်စွမ်းဆောင်နိုင်သည့် ဘက်က တစ်ယောက်တစ်လက် ပါဝင် ဆောင် ရွက်ကြရန် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ယနေ့ နံနက်တွင် ပြုလုပ်သည့် မန္တလေး မြို့ တော် မဟာ သင်္ကြန် မဏ္ဍပ် ဖွင့်ပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

၁၄ ကြိမ်မြောက် ရခိုင် ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်(ရန်ကုန်)ကို ရခိုင် ရိုးရာ ယဉ်ကျေးမှု အစဉ်အလာ နှင့် အညီ ယနေ့ ဧပြီ ၁၂ ရက်တွင် ရခိုင်ရိုးရာ နံ့ သာသွေးပွဲအား ရန်ကုန်မြို့ ဗဟန်းမြို့ နယ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ စတင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

မဟာသင်္ကြန် ကာလအတွင်း မူးယစ်ဆေးဝါး အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများ သတိပြုရန် နှိုးဆော်ချက် ၅ချက်အား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်လိုက်သည်။

ရန်ကုန်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

ယခုနှစ် မန္တလေးသင်္ကြန်ပွဲတော်အား ကျုံးပတ်လည်တွင် ဖျော်ဖြေရေးမဏ္ဍပ် ၁၅ ခုနှင့်အတူ ကျုံးတောင်ဘက်ခြမ်း၌ ကျင်းပမည့် လမ်းလျှောက် သင်္ကြန်ပွဲတော် တွင် ရေကစားမဏ္ဍပ် ၃ဝ ကျော်ပါဝင်၍ ပျော်ရွှင်စွာဆင်နွှဲသွားမည်ဖြစ်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။