25
Mon, Jun
791 New Articles

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

မယ်ကမ္ဘာမြန်မာ ပြိုင်ပွဲ ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဇွန် လ၁ဝ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

အလောင်းမင်းတရားကြီးမှ ဗြိတိသျှဘုရင် ဒုတိယမြောက် ဂျော့ဘုရင်နှင့် ဟန်နိုဗာမြို့စားသို့ ၁၇၇၆ခုနှစ်က ပေးပို့ခဲ့သည့် ရွှေပေလွှာအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ၏ Memory of the World Register တွင် အပြီးသတ် ထည့်သွင်း နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဒုတိယအကြိမ်မြောက် ကျင်းပသည့် မြန်မာအိုင်ဒေါ (Myanmar Idol Season-2 )အဆိုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နံပတ် ၂ အနေဖြင့် ယှဉ်ပြိုင်ခဲ့ သည့် သားငယ်သည် နောက်ဆုံးပြိုင်ပွဲ တွင် အနိုင်ရရှိ၍ Winner အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။

ရန်ကုန် ၊ မတ် ၁၈ ရက်(ဆင်ဟွာ)

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပထမဆုံးအဖြစ် ၂၀၁၆ ခုနှစ် အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအား ယနေ့ မတ် ၁၈ ရက်တွင် ကျင်းပခဲ့ရာ အကောင်းဆုံး ရုပ်ရှင်အထူးဆု အပါအဝင် ရုပ်ရုင်ဇာတ်ကား ၇ ကားမှ ထူးချွန်ဆု ၁၀ ဆု ပေးအပ် ချီးမြှင့်ခဲ့သည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

နေပြည်တော်၊ MICC II တွင် မတ်လ ၁ ရက်နေ့ ၌ ကျင်းပမည့် “ပထမ အကြိမ် တရုတ် - မြန်မာ ခရီးသွား လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်"မှ ရလဒ်ကောင်းများ ပေါ်ထွက်လာနိုင်သည်ဟုမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး သံမှူးးMr. Yang Shouzheng က ထို ဖိုရမ်အကြောင်း နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၊ ကျောက်စိမ်း ခန်းမတွင် ယနေ့ ပြုလုပ်သည့် အကြို ပူးပေါင်းသတင်းစာ ရှင်းပွဲတွင် ပြောခဲ့သည်။

ပုဂံ ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ပုဂံ ဒေသ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများ ပြန်လည် ပြုပြင်ရေးတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ အများဆုံး ကူညီထောက်ပံ့မှုများ ပြုလုပ်ထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး သူရဦးအောင်ကိုက ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ပုဂံ ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား တရုတ်-မြန်မာ နှင့် ယူနက်စကိုမှ ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို ကမ္ဘာ့ အမွေအနှစ် စာရင်း တင်သွင်းနိုင်ရန် ယဉ်ကျေးမှု အမွေအနှစ် ဒေသဇုန် နယ်နိမိတ်အသစ် ပြင်ဆင် သတ်မှတ်ခြင်းကို လာမည့် သုံးလအတွင်း အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) 

နှစ်(၇ဝ)မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အဖြစ် နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ဇာတ်ရုံ၌ ပြည်သူများအား အခမဲ့ဖျော်ဖြေတင်ဆက်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။