25
Mon, Jun
791 New Articles

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

MRTV ၏ Multi-Channel Play out System တွင် ရုပ်သံလွှင့်လုပ်ငန်း (Digital Free-to-Air) လုပ်ကိုင်လိုသူ Content Providers ရွေးချယ်မှုအတွက် ပဏာမ ၁၀ ဦး စာရင်းကို ယနေ့ ထုတ်ပြန်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) 

လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီး ၏ မြင်ကွင်းဓာတ်ပုံ များကို သက်ဆိုင်ရာမှ မှတ်တမ်းတင် သိမ်းဆည်း ထားရန်နှင့် ဘုရားဖူးလာသူများ ဖူးမြော်နိုင်စေရန် ရွှေတိဂုံ စေတီတော် မော်ကွန်းတင် ဓာတ်ပုံပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပသွားမည် ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ 

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကျင်းပမည့် ၆၅ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ (Miss Universe 2016 ) ၏ အထူးခြားဆုံးနှင့် အလှပဆုံး အမျိုးသားဝတ်စုံအဖြစ် မြန်မာမယ်စကြဝဠာ ထက်ထက်ထွန်းဝတ်ဆင်သော ရိုးရာရုပ်သေးဝတ်စုံကို ရွေးချယ်လိုက်ကြောင်း ကမ္ဘာ့အလှမယ်ပြိုင်ပွဲများကို ဝေဖန်အကြဲဖတ်ပေးနေသည့်  သြဇာရှိအဖွဲ့အစည်းဖြစ်သော Missosology.org ကဖော်ပြထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

အလှူတော်အိုးသူကြီး မြန်မာ့ရိုးရာအိုးကြီးချက် အလွတ်တန်းပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းရှိ၊ မိုင်ဒါကွင်း၌ ဇန်နဝါရီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၂၁ ရက်(ဆင်ဟွာ)

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)အား ယခု ၂၀၁၇ ခုနှစ်တွင် နှစ်ပေါင်း ၁၁၁ နှစ် ပြည့်မြောက်သည့် အထိမ်းအမှတ် အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ယနေ့ ဇန်န၀ါရီလ ၂၁ ရက်နေ့မှ ၂၅ ရက်ထိ ၅ ရက်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာတစ်လတည်းတွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ နိုင်ငံခြားသား ၇၅,ဝဝဝ ခန့် ရောက်ရှိဖူးမြော်ကြည်ညိုခဲ့ကြပြီး ထိုင်းနိုင်ငံသားများက အများဆုံးဖြစ်ကြောင်း ၊ အလှူငွေအနေဖြင့် သိန်းပေါင်း ငါးထောင်ကျော် အလှူခံရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ်ရှိ မုတ္တမ ပင်လယ်ကွေ့ ဒေသအား မြန်မာနိုင်ငံ၏ တတိယမြောက် ရေတိမ်ဒေသ အဖြစ် သတ်မှတ်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ က သဘောတူ လိုက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ထံ ဆက်လက်တင်ပြ ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း စီးပွားရေးအရ ရုပ်ရှင်၊ ဗီဒီယိုနှင့် ဓာတ်ပုံရိုက်ကူးခြင်း များအတွက် အမျိုးသားပြတိုက် နှင့် စာကြည့်တိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲတွင် ခွင့်ပြုချက် တောင်းခံကာ တရားဝင် ခွင့်ပြုချက် ရရှိမှသာ ရိုက်ကူးကြရမည် ဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။