15
Sun, Sep
495 New Articles

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ မူလတန်းကျောင်းများတွင် အစားအသောက်များ ဖြည့်စွက်ကျွေးမွေးခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ အာဟာရအခြေအနေပြောင်းလဲမှုကို လေ့လာခြင်း သုတေသန ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ရန်ကုန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၀ ရက် အထိ ဖြစ်ပွားသူပေါင်း ၁၃,၀၄၈ ဦး ရှိပြီး သေဆုံးသူ ၆၈ ဦး ရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ယနေ့ သတင်း ထုတ်ပြန်မှု အရ သိရသည်။

နေပြည်တော်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

 

တက္ကသိုလ်ဝင်တန်း(Grade 11) စာသင်နှစ် ပြီးဆုံးအောင် သင်ယူပြီးသူတို့အား အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများ ဆက်လက်သင်ကြားနိင်မည့် အခြေခံပညာ အထက်တန်း ပြီးစီးခြင်း လက်မှတ် (CC:_ Completion Certificate) ပေးအပ်မည့်စနစ်ကို ယခု တက်ရောက်နေသော ၂၀၁၈ _ ၁၉ စာသင်နှစ်မှ စတင်၍ ကျင့်သုံးမည်ဟု ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ယနေ့  ညနေပိုင်း သတင်းစာရှင်းပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

 

နိုင်ငံတစ်ဝန်းတွင်  ရာသီတုပ်ကွေး H1N1 ရောဂါဖြစ်ပွားသူနှင့် သေဆုံးသူ နေ့စဉ်တိုးလာပြီး ၂၀၁၉ ခုနှစ် သြဂုတ် ၂၆ရက်အထိ သေဆုံးသူ  ၁၀၅ဦးရှိလာကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တီဘီရောဂါ ဖြစ်ပွားမှုသည် ၂၀၁၇-၂၀၁၈ခုနှစ်တွင် ၂၀၀၉-၂၀၁၀ခုနှစ်များထက် ထက်ဝက်ခန့်ကျဆင်းလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

သူနာပြု လုပ်ငန်း ပိုမိုတွင်ကျယ်စေရန် သူနာပြုများကို ကူညီရမည့် အကူသူနာပြုများ မွေးထုတ်နိုင်ရေး အတွက် အကူသူနာပြု ကိုးလသင်တန်းများကို ဖွင့်လှစ်သွားမည်ဟု ကျန်းမာရေးနှင့်အားကစား ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့  အမျိုးသား လွှတ်တော်၌ ပြောကြားသည်။

နေပြည်တော်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ)

၂၀၁၉ အောက်တိုဘာနှင့် နိုဝင်ဘာတို့ ၌ အသက် ကိုးလမှ ၁၈ လအတွင်း ကလေးငယ် လေးသန်း တို့ အား ၀က်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးများ ထိုးပေးရန် စီစဉ်လျက်ရှိသည်ဟု ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့  အမျိုးသား လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရန်ကုန် ၊ သြဂုတ် ၁၉ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်း ရာသီတုပ်ကွေး ရောဂါ(A(H1N1)pdm 09) ဖြစ်ပွားမှုများကြောင့် ယနေ့ သြဂုတ် ၁၉ ရက် အထိ သေဆုံးသူ ၉၉ ဦး ထိ ရှိလာခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်သော အချက်အလက်များ အရ သိရသည်။

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ သွေးလွန်တုပ်ကွေး ရောဂါကြောင့် ယခုနှစ် ခုနှစ်လတာ ကာလ အတွင်း ဖြစ်ပွားသူပေါင်း ၁၀,၇၅၇ ဦး ရှိပြီး သေဆုံးသူ ၄၈ ဦး ရှိခဲ့ကြောင်း ပြည်သူ့  ကျန်းမာရေး ဦးစီးဌာန၏ ယနေ့ သတင်း ထုတ်ပြန်မှု အရ သိရသည်။