24
Sun, Jun
786 New Articles

သတင်းအချက်နည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံရယူနိုင်

ပညာရေးဝန်ကြီးဌာန ၏ ကြေညာချက် အားတွေ့ရစဉ် (ဓာတ်ပုံ--ပညာရေးဝန်ကြီးဌာန) Education & Health

ရန်ကုန်၊ ဇွန်  ၁၄ ရက် (ဆင်ဟွာ)

၂၀၁၈-၂၀၁၉ ပညာသင်နှစ် ၏ သတင်းအချက်နည်းပညာတက္ကသိုလ် ပထမနှစ်သင်တန်းဝင်ခွင့်ခေါ်ယူခြင်းနှင့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာပုံစံအား  သတင်းအချက်နည်းပညာတက္ကသိုလ်တွင်လည်းကောင်း၊ ပညာရေးဝန်ကြီးဌာန ၏ဝက်ဆိုက် www.myanmar-education.edu.mm တွင်လည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ဝက်ဆိုက် www.uit.edu.mm တွင်လည်းကောင်း Download လုပ်၍ရယူနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။

လျှောက်လွှာနှင့်အတူ ၂၀၁၈-ခုနှစ် တက္ကသိုလ်ဝင်မေးပွဲ အမှတ်စာရင်း မူရင်း၊ ကျောင်းသား၊ ကျောင်းသူနှင့် မိဘနှစ်ပါး၏ မှတ်ပုံတင်မိတ္တူ(၁)စုံစီ၊  နှင့် ဓါတ်ပုံ(၃)ပုံ  (ဓါတ်ပုံ၏နောက်ကြောတွင် အမည် နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ခုံအမှတ်ရေးရန် လိုအပ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။   (Xinhua)