19
Mon, Nov
667 New Articles
ပဲခူးမြို့ တွင် AGTI ကျောင်း ဖွင့်မည်
ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်း ယနေ့  ပြည်သူ့ လွှတ်တော်တွင် ဖြေကြားစဉ် (ဆင်ဟွာ) Education & Health
နေပြည်တော်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 
“ပဲခူးမြို့ မှာ AGTI သင်တန်းကျောင်းနှင့် ဒေသလိုအပ်ချက်နဲ့  ကိုက်ညီသော အသက်မွေး ပညာ သင်တန်းများ၊ နည်းပညာရပ်နှင့် သက်ဆိုင်သော ကာလတို သင်တန်းများ ဖွင့်လှစ်ပေးရန်အတွက် မြေနေရာ ရရှိရေးအတွက် ပညာရေး ၀န်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနနဲ့  ညှိနှိုင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ်၊ အဆင့်မြင့်ပညာဦးစီးဌာန ပဲခူး တက္ကသိုလ်ရဲ့မြေဧရိယာအတွင်း အစိုးရ စက်မှုလက်မှု သိပ္ပံ(ပဲခူး) အဖြစ် ဖွင့်လှစ်နိုင်ရန် မြေနေရာ လွှဲပြောင်း ရရှိ ဆောင်ရွက်ပြီး ဖြစ်ပါတယ်”ဟု ၎င်းက သနပ်ပင်မြို့ နယ် ပြည်သူ့  လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး၏ အမေးကို ဖြေကြားရာတွင် ပြောခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ဆောင်ရွက်နိုင်၇န် လိုအပ်သော အဆောက်အအုံများ၊ စာသင်ခုံများ၊ ပရိဘောဂများနဲ့  သင် ထောက် ကူ ပစ္စည်းများ ဖြည့်ဆည်းနိုင်ရေးအတွက် ဘဏ္ဍာငွေ တင်ပြချက်ကို ၂၀၁၈ - ၁၉  ဘတ်ဂျက် တွင် လျာထားဆောင်ရွက်ပြီး ဖြစ်ကြောင်း၊ ခွင့်ပြုချက် ရရှိပါက စတင် အကောင်အထည်ဖော် ဆောင်ရွက် မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန အနေဖြင့် ပဲခူးမြို့ တွင် ပညာရေးကောလိပ် တစ်ခု ဖွင့်လှစ်ရနန် အစီအစဉ်ရှိမရှိ ဟူသော ဦးမြင့်ဦး၏ ဒုတိယ မေးခွန်းကိုမူ  ပဲခူးတိုင်းဒေသကြီးအတွင်း တောင်ငူမြို့နှင့် ပြည်မြို့  တို့ တွင် ပညာရေး ကောလိပ်များ အသီးသီး ဖွင့်လှစ်ထားရှိပြီး နှစ်စဉ် ဆရာ ဆရာမ ကိုးရာ ဥင်္ီးခန့်  လေ့ကျင့် မွေးထုတ်ပေး လျက် ၇ှိကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၇ - ၁၈ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား ဆရာ အချိုးမှာ ၁း ၂၄ ခန့်  ရှိပြီး ၂၀၁၈ - ၁၉ ပညာသင်နှစ်အတွင်း မူလတန်းအဆင့် ဆရာ နှင့် ကျောင်းသား အချိုးမှာ ၁း ၁၉ ခန့် အထိ ရရှိနေပြီဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး မူလတန်းအဆင့် ဆရာ ကျောင်းသား အချိုး အရလည်းကောင်း၊ ပဲခူးခရိုင်အတွင်း မူလတန်း အဆင့် ဆရာ ကျောင်းသား အချိုး အရလည်းကောင်း မူလတန်းပြ ဆရာ ခန့် ထားနိုင်မှုသည် လုံလောက်မှု ရှိကြောင်း၊သို့ ဖြစ်ပါ၍ ပဲခူးခရိုင် ပဲခူးမြို့ တွင် ပညာရေးကောလိပ်တစ်ခု ထပ်မံ ဖွင့်လှစ်ရန် လတ်တလော အစီအစဉ် မရှိသေးကြောင်းလည်း ဒုတိယ ၀န်ကြီးက ဖြည့်စွက် ရှင်းပြခဲ့သည်။ (Xinhua)