22
Tue, Jan
659 New Articles

AUG ဘတ်စကက်ဘော ပွဲဦးထွက် ပွဲများ၌ ထိုင်းအသင်း အနိုင်ရ

အမျိုးသား ဘတ်စကက်ဘောပွဲတွင် ထိုင်းအသင်း (အဖြူ)နှင့် အင်ဒိုနီးရှားအသင်း(အနီ)တို့ ယှဉ်ပြိုင်ကြစဉ် (ဆင်ဟွာ) Education & Health

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘတ်စကက်ဘော ပြိုင်ပွဲကို ယနေ့ နံနက် စတင်ခဲ့ရာ ပွဲဦးထွက် ဖြစ်သည့် အမျိုးသားဘတ်စကက်ဘောပွဲ၌ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းအား ၇၅ မှတ် - ၅၅ မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲ၌ ထိုင်းအသင်းက မလေးရှားအသင်းအား ၇၈ မှတ် - ၃၄ မှတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့သည်။

အမျိုးသမီး ဘတ်စကက်ဘောပွဲတွင် ထိုင်းအသင်း(အနက်)နှင့် မလေးရှားအသင်း (အဖြူ) တို့ ယှဉ်ပြိုင်ကြစဉ် (ဆင်ဟွာ)

ထိုင်း အမျိုးသမီး ဘတ်စကက်ဘောအသင်းအားတွေ့ရစဉ်(ဆင်ဟွာ)

မလေးရှား အမျိုးသမီး ဘတ်စကက်ဘောအသင်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၁၃ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပမည့် အဆိုပါ ဘတ်စကက်ဘော ပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှား အသင်းတို့  ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၁၈ ရက်နေ့  ညနေ ၅း ၄၅ နာရီတွင် ဆုပေးပွဲ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)