26
Wed, Jun
543 New Articles

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းထုတ်ပြန်

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းအားတွေ့ရစဉ် (ဓာတ်ပုံ--ပညာရေးဝန်ကြီးဌာန) Education & Health

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

၂၀၁၉ ခုနှစ် မတ်လ ၆ ရက်တွင်  မြန်မာစာ၊ မတ်လ ၇ ရက်တွင် အင်္ဂလိပ်စာ၊ မတ်လ ၈ ရက်တွင် သင်္ချာ၊ မတ်လ ၉ ရက်တွင် စိတ်ကြိုက်မြန်မာစာ ဖြေဆိုရမည်ဖြစ်သည်။

မတ်လ ၁၁ ရက်တွင် ဓာတုဗေဒ၊ မတ်လ ၁၂ ရက်တွင် ရူပဗေဒဘာသာရပ်၊ မတ်လ ၁၃ ရက်တွင် ဇီဝဗေဒ ဘာသရပ် နှင့် ဘောဂဗေဒဘာသာရပ်၊  မတ်လ ၁၄ ရက်တွင် ပထဝီဝင်ဘာသာရပ်၊ မတ်လ ၁၅ ရက်တွင် သမိုင်းဘာသာရပ်တို့ကို ဖြေဆိုရမည်ဖြစ်သည်။  (Xinhua)