တက္ကသိုလ်ဝင်စာမေးပွဲ ကို ဇီဝဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၆.၈၁ ရာခိုင်နှုန်း၊ ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၄.၀၀ ရာခိုင်နှုန်းရှိ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇီဝဗေဒ ဘာသာရပ် ဖြေဆိုသူ ရာခိုင်နှုန်းပြဇယားကိုတွေ့ရစဉ် (ဓာတ်ပုံ-- MOI) Education & Health

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ကို ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၈၁ ရာခိုင်နှုန်းရှိပြီး၊ ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုသူ ၉၄.၀၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဇီဝဗေဒဘာသာရပ် ဖြေဆိုရန် စာရင်းရှိ ကျောင်းသား ကျောင်းသူ ၁၉၆,၈၈၈ ဦးတွင် ဖြေဆိုသူ ၁၉၀,၆၀၂ ဦးရှိပြီး ဖြေဆိုရန် ပျက်ကွက်သူ ၆၂၈၆ ဦးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၆.၈၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုသူ ရာခိုင်နှုန်းပြဇယားကိုတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား ကျောင်းသူ ၆၉၉, ၃၉၄ ဦးတွင် ဖြေဆိုသူ ၆၅၇,၄၀၄ ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ၄၁,၉၉၀ ဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်း ၉၄.၀၀ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။ (Xinhua)