17
Wed, Jul
532 New Articles

ရန်ကုန်၊ ဇွန် ၈ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြည်နယ် နှင့် တိုင်းဒေသကြီးအလိုက် ဖြေဆိုသူပေါင်း ၈၅၁,၅၂၄ ယောက် ရှိပြီး အောင်မြင်သူပေါင်း ၂၆၇,၆၉၆ ယောက်ရှိကာ၊  ရာခိုင်နှုန်းအားဖြင့် ၃၁.၄၄ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း ခွေးကိုက်လူနာလာရောက် ကုသမှုအများဆုံးဖြစ် သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြ အထွေထွေ ရောဂါကုဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးနှင့် မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေ ရောဂါကုဆေးရုံကြီးတို့တွင် ခွေးကိုက်လူနာကုသမှုဌာနများ ဖွင့်လှစ်၍ ကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ရန်ကုန်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် အတွင်းရှိဆေးဝါးအရောင်းဆိုင်များ သို့ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ ဆေးဆိုင် (၇) ဆိုင်မှ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ် ( Myanmar Registration No.) မပါရှိသောဆေးဝါး (၇၁) မျိုး၊ သက်တမ်းလွန်ဆေးဝါး (၇) မျိုး တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစားအသောက် နှင့် ဆေးဝါးကွယ်ကဲရေးဦးစီးဌာန က သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ မေ ၂၉ ရက် (ဆင်ဟွာ)

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ပြုပြင်ရာတွင် ကုန်ကျမှုသက်သာပြီး ထိရောက်လျင်မြန် စွာ အကောင်အထည်ဖေါ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် The Rangoon General Hospital Reinvigoration Charitable Trust Fund. Article-25 အဖွဲ့မှ ဗိသုကာပညာရှင် Mr. Robin Crossတို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ) 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ် အလိုက် အခြေခံပညာကျောင်းများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့် လှစ်သွားမည်ဖြစ်ကြောင်း၊  အဆင့်တိုးသည့် ကျောင်းပေါင်း ၂၅၂ ကျောင်းရှိမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၊ မေ ၂၂ ရက်(ဆင်ဟွာ)

ပညာရေး ၀န်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ၂၀၁၉ - ၂၀ ပညာသင်နှစ်နှင့် ပတ်သက်ပြီး သတင်းစာ ရှင်းပွဲကို ယနေ့  ညနေပိုင်းတွင် ၎င်းဝန်ကြီးဌာန ရုံးအမှတ် (၁၃)၌ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဦးဆောင် ပြုလုပ်ခဲ့သည်။

ရန်ကုန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

အပူချိန်ပြင်းထန်လွန်ကဲမှုကြောင့် တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ထူးခြားဖြစ်စဉ်များရှိပါက  သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေး နှင့် ကုသရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ဆက်သွယ်အကြောင်းကြားပူးပေါင်းဆောင်ရွက် ရန် အသိပေးနှိုးဆော်ချက် ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန က ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

 

မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ပြီး Laparoscopic-Endoscopic Surgery for ASEAN People Project အရမှန်ပြောင်း အသုံးပြုမှု ခွဲစိတ်ကုသမှုပြုလုပ်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

နတ်မောက်၊ မေ ၁၀ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံ သံရုံးက အမေရိကန် ဒေါ်လာကိုးသိန်းခန့်  အကုန်အကျခံ ပြုပြင်ဆောက်လုပ်ပေးသည့် နတ်မောက်မြို့ ပြည်သူ့ ဆေးရုံသစ်အား တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လွှဲပြောင်း အပ်နှံပွဲကို အဆိုပါ ဆေးရုံတွင် ယနေ့ နံနက် ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် လက်ခံခဲ့ပြီး အမှာစကား ပြောကြားခဲ့သည်။

ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ရှောင်တခင်စစ်ဆေးခဲ့ရာ စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ပြီး ပြင်ဆင်ရန် ညွန်ကြားခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။