25
Thu, Apr
605 New Articles

ရန်ကုန်၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ၂ဝ၁၉ ခုနှစ် မတ်လအတွင်း ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက် ဖြေဆိုရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ရှိ လျှောက်ထားသူဦးရေမှာ ရှစ်သိန်းကိုးသောင်းကျော် ရှိနေပြီဖြစ် ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကသူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၆ ကျောင်း ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဦးဆောင် ဆွေးနွေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ကမ္ဘာကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုသည် ယခုအခါ ကမ္ဘာနှင့်တစ်ဝန်းတွင် သိသာစွာ မြင့်တက်လာခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားသူ ၃၁,၂၈၈ ဦးနှင့် သေဆုံးသူ ၁၉၂ ဦး ရှိခဲ့ကာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလ အထိ ဖြစ်ပွားသူ ၂၂,၂၀၄ ဦး နှင့် သေဆုံးသူ ၁၀၇ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့ တောင်အာရှ တက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ဘတ်စကက်ဘော ပြိုင်ပွဲကို ယနေ့ နံနက် စတင်ခဲ့ရာ ပွဲဦးထွက် ဖြစ်သည့် အမျိုးသားဘတ်စကက်ဘောပွဲ၌ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းအား ၇၅ မှတ် - ၅၅ မှတ်ဖြင့်လည်းကောင်း၊ အမျိုးသမီးပွဲ၌ ထိုင်းအသင်းက မလေးရှားအသင်းအား ၇၈ မှတ် - ၃၄ မှတ်ဖြင့်လည်းကောင်း အသီးသီး အနိုင်ရခဲ့သည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နှစ်စဉ်လူဦးရေ ၆၄,၀၀၀ ခန့်သည် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်း သောက်သုံးမှု မှတဆင့် ဖြစ်ပွားသောရောဂါများကြောင့် အသက် ဆုံးရှုံးနေရကြောင်း ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းဆိုင်ရာ သုတေသန တွေ့ရှိချက် အစီရင်ခံစာ ရှင်းလင်း တင်ပြမှုအရ သိရသည်။

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ရေချိုခရုမှ တစ်ဆင့် ကူးစက်တတ်သော သံပြားကောင် ရောဂါ(Schistosomiasis) ကူးစက်မှု ထိန်းချုပ်ရေး အတွက် လုပ်ငန်း စီမံချက် တစ်ခု ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

 

မြန်မာနိုင်ငံကို ကာကွယ်ဆေးများနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် Gavi အဖွဲ့အနေဖြင့် အမေရိကန်ဒေါ်လာ (၁၂၃)သန်း ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပပြုလုပ်သည့် Gavi Board Meeting၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

နေပြည်တော်၊ ဒီဇင်ဘာ ၄ ရက်(ဆင်ဟွာ)

လူငယ်များ၊ ကျောင်းသူ ကျောင်းသားများအား ပြဿနာများကို မကြောက်တတ်စေဖို့  လေ့ကျင့်ပေးစေ လိုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် ပြောကြားခဲ့သည်။

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

 

၂၀၁၇-၂၀၁၈ -၂၀၁၉ဘဏ္ဍာနှစ် အတွင်း မသန်စွမ်းသူ ၂၄,၉၈၄ ဦးအတွက် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။