17
Wed, Jul
533 New Articles

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

 

ကယားပြည်နယ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ ပလပ်စတစ်ဆာဂျရီဆိုင်ရာနှင့် မျက်စိရောဂါ လူနာများအား အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအား မတ်လ၌ ကျင်းပသွားမည် ဖြစ်ပြီး စာမေးပွဲ မေးခွန်းပုံစံအသစ်တွင် ဘာသာရပ် အားလုံး၌ လွယ် သင့် ခက် မျှတစွာဖြင့် စဉ်းစားတွေးခေါ်မှုကို အားပေးသည့်မေးခွန်းများ ပိုမို ပါဝင် လာမည်ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

ယခုနှစ် (၂၀၁၇-၁၈)အတွက် တရုတ် - မြန်မာ ချစ်ကြည်ရေး စာသင်ဆု ချီးမြှင့်ပွဲကို နေပြည်တော် Royal ACE Hotel ဟိုတယ်တွင် ယနေ့  နံ့နက် ကျင်းပခဲ့ရာ အဆင့်မြင့်/ အခြေခံ ကျောင်းသူ ကျောင်း သားများအတွက် ငွေကျပ်သန်း ၃၀၀ နီးပါးခန့် (၂၉၅,၆၅၀,၀၀၀ ကျပ်တိတိ) ကို ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများအတွက် တရုတ် - မြန်မာ  ချစ်ကြည်ရေး အသင်းက ပေးအပ်ခဲ့ကြောင်း ပညာရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နည်းပညာ အသက်မွေး ၀မ်းကျောင်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးမြင့်က ၎င်း၏ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

 

မကူးစက်တက်သောရောဂါများတွင် အတက်ရောဂါသည် အဖြစ်အများဆုံး အမှတ်စဉ် (၅) အဖြစ်တည်ရှိနေပြီး လူဦးရေ ငါးသိန်းခန့်သည် အတက်ရောဂါခံစားလျက်ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် (၂)ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက်(ဆင်ဟွာ)

 

နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် - ၁၀၀၀)၌ နိုဝင်ဘာ ၁၃ ရက်၌ ဆီးချိုရောဂါပညာပေးကုသဌာနနှင့် အထူးကုပြင်ပလူနာဌာန (၂)အား ဖွင့်လှစ်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

 “တရုတ်ပြည်သူ့သမ္မတနိုင်ငံ  ယူနန်ပြည်နယ် မျက်စိ အတွင်းတိမ် ကုသရေးအဖွဲ့” နှင့် “၀ိသာခါဖောင်ဒေးရှင်း”တို့မှ ပူးပေါင်းကျင်းပသည့် စက္ခုအလင်းဒါန "အလင်းရောင်ခရီးစဉ်" ဖွင့်ပွဲ အခမ်းအနားကို ယနေ့(အောက်တိုဘာ ၂၅ရက်)နံနက်ပိုင်းက ရန်ကုန်မြို့ သီတဂူ ရွှေပြည်ဟိန်း စက္ခုဒါန ကုသိုလ်ဖြစ် ဆေးရုံကြီးတွင် ကျင်းပခဲ့သည်။

 

ရန်ကုန် ၊ အောက်တိုဘာ ၂၀ ရက်(ဆင်ဟွာ)

ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန အနေဖြင့် မကူးစက်နိုင်သော ရောဂါများ ကာကွယ် ကုသရေး လုပ်ငန်း များကို အထူးဦးစားပေး လုပ်ငန်း တစ်ရပ်အဖြစ် သတ်မှတ် လုပ်ဆောင်လျက်ရှိကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

နေပြည်တော်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ကွမ်းယာနှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှု ထိန်းချုပ်ရန် မီဒီယာ၏ အကူအညီ ရယူ ဆောင်ရွက်သွားမည် ဟု ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့  ပြောကြားခဲ့သည်။

ရန်ကုန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

 

နေပြည်တော်ပြည်သူ့ဆေးရုံကြီး - ခုတင် (၁၀၀၀)၌ နှလုံးသွေးကြောပိုက်ထည့် စမ်းသပ်ကုသခန်း (Cardiac Catheterization Laboratory)အား အောက်တိုဘာလ (၈)ရက်တွင် ဖွင့်လှစ်လိုက်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်လိုက်သော သတင်းအရ သိရသည်။

ရန်ကုန် ၊ အောက်တိုဘာ ၉ ရက်(ဆင်ဟွာ)

လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တစ်ခု ဖြစ်သည့် ကိုယ်ဝန်ဆောင် မိခင် နှင့် ၄င်းမှ မွေးဖွားသော ကလေး အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်ကို ဖွံ့ဖြိုးမှုများ အနောက်ကျဆုံး ဖြစ်သော ချင်း ၊ နာဂ နှင့် ရခိုင် ပြည်နယ် တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ယခုအခါ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်များတွင် တိုးချဲ့ ဆောင်ရွက် ပေးမည်ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက အသိပေး ပြောကြားခဲ့သည်။