21
Thu, Mar
711 New Articles

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် မသန်စွမ်းအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်း များကို စမ်းသပ်လုပ်ဆောင်မည်ဖြစ်ကြောင်း မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ရက်(ဆင်ဟွာ)

နိုင်ငံတစ်ဝန်းတွင် ၀က်သက် ရောဂါ ဖြစ်ပွားမှုနှုန်းမှာ ပြန်လည် မြင့်တက် လာခဲ့ရာ ယခုနှစ် ဖေဖော်ဝါရီ လလယ် အထိ စာရင်းများ အရ ၁,၃၀၀ ဦးခန့် ရှိပြီး ၀က်သက်ရောဂါ ဖြစ်ပွားမှု နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ကလေးငယ် တစ်ဦး သေဆုံးမှု ရှိခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟို တိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနခွဲ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အောင်နိုင်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

လမ်းဘေးဈေးသည်များ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သင်တန်းပေးမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ရှိ ရန်ကုန်ကလေးဆေး ရုံကြီးတွင် ကလေးနာတာရှည်ကျောက်ကပ်ရောဂါခံစားနေရသူ ကလေးလူနာနှစ်ဦးအား ဆွေမျိုးတို့၏ ကျောက်ကပ်တစ်ခြမ်းစီဖြင့် အစားထိုးကုသမှုကို ဖေဖော်ဝါရီ ၂၂ ရက်နှင့် နံနက်ပိုင်းတွင် ကုသရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆရာဝန်များက အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

၂၀၁၉ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး မြို့နယ်(၇)မြို့နယ်တွင် ဝက်သက်ရောဂါ နှင့် ဂျိုက်သိုးရောဂါ အစုလိုက် ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများအား အသိပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၈ ရက်(ဆင်ဟွာ)

နိုင်ငံ တစ်ဝန်း အစုလိုက် ဝက်သက် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများအား ယခုနှစ် ဒီဇင်ဘာလတွင် ဆောင်ရွက် သွားမည် ဖြစ်ပြီး ထိုသို့ မဆောင်ရွက်မီ ဝက်သက် ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် လတ်တလော ဝက်သက်ရောဂါ အဖြစ်များသည့် မြို့နယ်များတွင် ဝက်သက် ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ၊ ကရင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့ရှိ ဝက်သက်ရောဂါ ဖြစ်ပွားမှု များပြီး ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုနည်းသော မြို့နယ်များကို ရွေးချယ်ပြီး ယခုလအတွင်း ဝက်သက် ရောဂါ ကာကွယ် ဆေးအပိုဆောင်းထိုးနှံခြင်း လုပ်ငန်း (Supplementary Immunization Activities) ကို စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနထံမှ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၃၀ ရက် (ဆင်ဟွာ)

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တိုင်းရင်းသားဒေသများတွင် အထူးဦးစားပေးဆောင်ရွက်ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် Gavi, The Vaccine Alliance အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၈ ရက် (ဆင်ဟွာ)

 

မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိကြောင်း ဇန်န၀ါရီ ၂၈ရက်တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာဆွေးနွေးပွဲ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။

ရန်ကုန် ၊ ဇန်န၀ါရီ ၂၃ ရက်(ဆင်ဟွာ)

ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် ၂ နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် တိုးချဲ့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။