25
Mon, Mar
689 New Articles

ရန်ကုန် ၊ ဇန်န၀ါရီ ၂၆ ရက်(ဆင်ဟွာ)

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီး ဌာန အနေဖြင့် ဈေးကွက် အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ ဆေးဝါး ၁၀ မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော တရားမ၀င် ဆေးဝါးများ ဖြစ်ကြောင်း စိစစ် တွေ့ ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၅ ရက် (ဆင်ဟွာ)

 

မြန်မာ့ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းမှ ကင်ဆာဝေဒနာရှင်များ၏ နာကျင်မှုကို သက်သာ စေမည့် ဆေးဝါးနှင့် HIV ဗိုင်းရပ်(စ်)သတ်ရာမှာ အသုံးပြုမည့် ဆေးဝါးအမယ်သစ်များကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းထံမှ သိရသည်။

ရန်ကုန်၊ ဇန်န၀ါရီ ၂၅ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင်းရှိ ကယ်ဆယ် ရေးစခန်း ၁၁ ခုရှိ ကလေးငယ် ၂၈၀၀ကျော်ကို ကာကွယ်ဆေးထိုးပေးမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၊ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း သုံးမျိုးကို အများပြည်သူသိရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ ၂၁ ရက်နေ့ သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

Henan Dekang Pharmaceutical Co.,Ltd ထုတ် မြန်မာနိုင်ငံတွင် ဆေးဝါးမှတ်ပုံတင်မရှိသော Quinine Dihydrochloride g/ml ဆေးဝါးသည် ဆေးဝါး အတုဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန မှ အများပြည်သူ သိရှိရန်အသိပေးနှိုးဆော်ချက်အား ယနေ့ထုတ်ပြန်ခဲ့သည်။ 

နေပြည်တော်၊ ဇန်န၀ါရီ ၁၂ ရက် (ဆင်ဟွာ)

အသိပညာများ ဆွေးနွေး ဖလှယ်ပေါင်းစပ်ကာ ကုထုံးများ ထုတ်ဖော်ကြရန် (၁၈)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံသို့  နိုင်ငံတော် သမ္မတက ပေးပို့ သော သ၀ဏ်လွှာတွင် ဖော်ပြပါရှိသည်။

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

 ၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် (၆)နှစ်အရွယ်ကလေးများ Grade-1 သင်ရိုးသစ် တွင် ကျောင်းအပ်လက်ခံခဲ့ပါကြောင်း၊ ယခုနှစ် Grade-1 ကျောင်းသား ကျောင်းသူ ကလေးငယ်များအားလုံး သည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တွင် Grade-2 သင်ရိုးသစ်ဖြင့် သင်ယူရမည်ဖြစ်ပါကြောင်း၊ ကျန် ကျောင်းသုံးဖတ်စာအုပ်များနှင့် ဆရာ ဆရာမလက်စွဲ သင်ရိုး ညွှန်းတမ်းများအားလုံးကို ၂၀၂၂-၂၀၂၃ တွင် အပြီးရေးဆွဲမည်ဖြစ် ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဘာသာရပ်သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲရေး အဖွဲ့များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။