21
Thu, Mar
711 New Articles

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)အနေဖြင့် နိုင်ငံတကာတွင် ဆောင်ရွက်နေမှုများ၊ အိမ်နီးချင်းနိုင်ငံများတွင် ဆောင်ရွက်နေမှုများကို လေ့လာ၍ ခေတ်နှင့်အညီ နိုင်ငံတကာအဆင့်မီ လုပ်ငန်းများဆောင်ရွက်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ သံသယရာသီတုပ်ကွေးရောဂါ အစုလိုက်ဖြစ်ပွားပြီး သေဆုံးမှုများအား ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရသိရသည်။

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

နေပြည်တောင်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၌ ပိုးသတ်ဆေးကျဲပက်ရာမှ ၄၃ ဦး မူးဝေအော့အန်၍ ဆေးရုံတက်ရောက်ကုသမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

(၄၇) ကြိမ်မြောက် မြန်မာနိုင်ငံဆေးသုတေသန ညီလာခံ (47th Myanmar Health Research Congress) ကို ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ ၇ ရက်မှ ၁၁ ရက် အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပြီး ပြည်တွင်းမှ ဆေးသုတေ သန ပညာရှင်များ၊ နိုင်ငံတကာမှ ဆေးသုတေသနပညာရှင်များ ပါဝင် တက်ရောက် ကြမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ၊ နန်းယွန်းမြို့နယ် ၊ ဒုံဟီးမြို့ လန်းပန်း ကျေးရွာနှင့် ရှန်ဟဲပေါ်ကွန် ကျေးရွာတို့ တွင် ရောဂါ ဖြစ်ပွားမှု အခြေအနေမှာ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ သတင်းရရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

 

ရခိုင်ပြည်နယ်အတွင်း ရေချိုခရုမှ တဆင့်ကူးစက်သော သန်ပြားကောင် ရောဂါ (Schistosomiasis) ရောဂါဖြစ်ပွားသူ ၄၀၀ကျော်ရှိကြောင်း  မြောက်ဦးမြို့နယ် နှင့် စစ်တွေမြို့နယ်များ သို့ ကွင်းဆင်းလေ့လာ စစ်ဆေးခဲ့မှုပြုလုပ်ခဲ့သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရုံးချုပ် မှ Technical Officer Dr. Jiagang Guoပြောကြားသည်။

ရန်ကုန်၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ပြည်တွင်းဈေးကွက်အတွင်းရှိ ဆေးဝါးများ ကိုစိစစ်ခဲ့ရာ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါး (၈)မျိုးကို စိစစ်တွေ့ရှိခဲ့ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

Dumex နို့မှုန့်နှင့်ပတ်သက်၍ စားသုံးသူပြည်သူများသို့ အသိပေးကြေညာချက် အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနေသည့် မိခင်များအား အားဖြည့်ကူညီခြင်း အထိမ်းအမှတ်အဖြစ် လူထုအသိပညာပေး လှုံ့ဆော်မှု အစီအစဉ်တစ်ရပ်ကို ယနေ့ ရန်ကုန်ပန်းချီပြခန်း တွင်ကျင်းပခဲ့သည်။

ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် (၁၀)နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင်ခန်းမတွင် ပြုလုပ်သော ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး အစည်းအဝေးသို့ တက်ရောက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။