23
Thu, Nov
643 New Articles

တိုက်ကြီးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၄.၀ အဆင့်ရှိ မြေငလျင် လှုပ်ခတ်

တိုက်ကြီးမြို့ အနီး ဗဟိုပြု၍ လှုပ်ခတ်သွားခဲ့သည့် မြေငလျင် တည်နေရာ ပြသထားမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန) Environment, Disasters & Accidents

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

တိုက်ကြီးမြို့ ၏ အရှေ့ မြောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်း အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။

ကမ္ဘာအေး မြေငလျင် စခန်းမှ မြောက်-အနောက်မြောက်ဘက် ၄၄ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြု၍ မြန်မာစံတော်ချိန် ၀၇ နာရီ ၊ ၄၉ မိနစ် ၊ ၄၃ စက္ကန့် အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း သိရသည်။(Xinhua)