24
Sun, Sep
702 New Articles

စစ်တောင်းမြစ်ရေ သည် တောင်ငူမြို့  နှင့် မဒေါက် မြို့ တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်

မြစ်ရေမြင့်တက်မှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စစ်တောင်းမြစ်ရေ သည် တောင်ငူမြို့  နှင့် မဒေါက် မြို့ တွင်  စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်သဖြင့် တောင်ငူမြို့နယ်  နှင့် မဒေါက်မြို့နယ်အတွင်း မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူး သတိပြုနေထိုင်ကြပါရန် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကယနေ့ သတင်းထုတ်ပြန်သည်။

ယခုရက်ပိုင်းအတွင်း စစ်တောင်းမြစ်ရေ ဒုတိယအကြိမ် ထပ်မံမြင့်တက်လာသည့်အတွက် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဒေသအချို့တွင် အိမ်ထောင်စုများနှင့် ကျွဲ၊ နွားများ ကုန်းမြင့်ရေလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရ ကြောင်း ၊ထို့ပြင် စာသင်ကျောင်းအချို့ ပိတ် ထားရပြီး ရေဝင်နစ်မြုပ်လျက်ရှိသော စပါးစိုက်ခင်းများ ပျက်စီးမှုများ ရှိခဲ့ကြောင်း ကြေးမုံသတင်းတွင် ပါရှိသည်။  (Xinhua)