24
Sun, Sep
702 New Articles

သီပေါမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ချောင်းရေလျှံကာ အနိမ့်ပိုင်းသို့ရေဝင်ရောက်

သီပေါမြို့တွင် ရေဝင်ရောက်မှုအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ) Environment, Disasters & Accidents

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့လယ်ချောင်းရေလျှံကာ စည်ပင်သာယာရေး ဈေးကြီးတစ်ဝိုက်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးအဆောက်အအုံသို့ လည်းကောင်း၊ အနိမ့်ပိုင်းဖြစ်သော မြို့လယ်ရပ်၊ မြန်မာရပ်နေအိမ်များအတွင်းသို့ လည်းကောင်း ရေများဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာလ ၁၂ ရက် နံနက်  ၇ နာရီမှ စတင်၍ ရေ များဝင်ရောက်လာခဲ့ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ နှင့် လူမှုရေးပရဟိတ အဖွဲ့များက ရေစီးရေလာကောင်းစေရန်နှင့် ချောင်းအတွင်းအမှိုက်များ ပိတ်ဆို့ ခြင်းမရှိစေရန် သန့်ရှင်းရေးလုပ်ငန်းများ အားဆောင်ရွက် လျက်ရှိကြောင်း နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua)