ရေဘေး ဖြစ်ပွားမှုကြောင့် ၃ လတာ ကာလ အတွင်း သေဆုံးသူ ၉ ဦးရှိ

တောင်ငူမြို့ နယ်ရှိ ကျေးရွာ တစ်ခုတွင် ရေများဝင်လာမှုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI) Environment, Disasters & Accidents

ရန်ကုန် ၊ စက်တင်ဘာ ၂၁ ရက်(ဆင်ဟွာ)

နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခုတွင် ဇူလိုင်လ ၁ ရက်မှ စက်တင်ဘာလ ၂၀ ရက် အထိ ရေဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၉ ဦးထိ ရှိခဲ့ကြောင်း လူမှု ၀န်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။

ရေဘေးကြောင့် သေဆုံးသူမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂ ဦး ၊ ချင်းပြည်နယ်တွင် ၂ ဦး ၊ ရှမ်းပြည်နယ်တွင် ၁ ဦး ၊ မန္တလေး တိုင်းဒေသကြီးတွင် ၄ ဦး စုစုပေါင်း ၉ ဦး ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အလိုက် ရေဘေး ဖြစ်ပွားမှုကြောင့် ဘေးသင့် လူဦးရေ ၃၂၆၇၉၆ ဦး ပြောင်းရွှေ့  ခဲ့ရကြောင်း သိရသည်။

ရေဘေး ဖြစ်ပွားမှုကြောင့် စုစုပေါင်း ကျပ် ၄၈၁,၂၀၁,၈၄၁ ထောက်ပံ့ထားကြောင်း သိရသည်။(Xinhua)