15
Fri, Feb
665 New Articles

သာစည်မြို့နယ်၊ ညောင်ရမ်းကန်၏ ရေထွက်ပေါက် ရေတိုက်စား၍ ကျိုးပေါက်မှုဖြစ်ပွား

ညောင်ရမ်းကန်၏ ရေထွက်ပေါက် ရေတိုက်စားမှုအားတွေ့ရစဉ် (ဓာတ်ပုံ--တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) Environment, Disasters & Accidents

ရန်ကုန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ) 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သာစည်လေးကျေးရွာအနီးရှိ ညောင်ရမ်းကန်၏ ရေထွက်ပြွန်အမှတ်(၃) ရေထွက်ပေါက်နေရာမှ ရေတိုက်စားပြီး ကျိုးပေါက်မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ညောင်ရမ်းကန်မှ ရေစိမ့်ထွက်မှုများကြောင့် ရွာသားများက မြေဖို့ခြင်းနှင့် တုတ်ရိုက်ခြင်းများ ဆောင်ရွက်စဉ် မထိန်းနိုင်ဘဲ တာပေါင်ကျိုးခဲ့ခြင်းဖြစ်ပြီး တာပေါင်ကျိုးမှုကြောင့် ရေများမှာ အမှတ်(၂)ရေမြောင်းသို့သာ ဝင်ရောက်ခဲ့၍ ကျေးရွာများအတွင်း ရေဝင်ရောက်ခဲ့ခြင်း မရှိကြောင်းနှင့် တာကျိုးပေါက်သည့် နေရာ၌ တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua)