15
Fri, Dec
618 New Articles

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် မီးလောင်ကျွမ်း

ယနေ့ နံနက် မီးလောင်ကျွမ်းနေသော ကန်တော်ကြီးပဲလေ့စ် ဟိုတယ်အားတွေ့ရစဉ်(ဆင်ဟွာ) Environment, Disasters & Accidents

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပဲလေ့ဟိုတယ်သည် ယနေ့ အောက်တိုဘာ ၁၉ ရက် နံနက် ၃ နာရီ ၃၀ မိနစ် အချိန်ခန့်မှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ မီးလောင်မှုကို Level 2 အဆင့် မီးငြိမ်းသတ်ရာတွင် ဂတ်စ်အိုးများ ပေါက်ကွဲပြီး မီး ပိုမိုလောင်ကျွမ်းလျက်ရှိနေကြောင်း သိရသည်။

" မီးတော်တော်များတယ် Level 4 အဆင့်ထိ သတ်မှတ်ပြီး မီးငြိမ်းနေပါတယ်၊ ခုထိမီးတောက်မကျသေးပါဘူး၊ ဟိုတယ်အထဲမှာ ကျွန်းတွေဆိုတော့ပိုလောင်နေတာ"ဟု မီးငြိမ်းသတ်နေသော  မင်္ဂလာတောင်ညွန့်က မီးသတ်အရာရှိတစ်ဦးက ဆင်ဟွာသို့ပြောသည်။

ယင်း ဟိုတယ်တွင်း တည်းခိုသော နိုင်ငံခြားသားဧည့်သည်များအား လုံခြုံသောနေရာသို့ပြောင်းရွေ့ထားပြီး လက်တလော ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေ မသိရသေးကြောင်း၊ ဟိုတယ်တစ်လုံးလုံနီးပါး မီးလောင်ကျွမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် မီးလောင်ကျွမ်းမှု အချိန်နှစ်နာရီကျော်ကြာချိန်ထိ မီးညွှန့်မငြိမ်းဘဲ ဆက်လက်မီးငြိမ်းသတ်နေရကြောင်းသိရသည်။ (Xinhua)