ကျောက်ထုမြို့၏ တောင်-အနောက်တောင်ဘက် (၁၃)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အား (၄.ဝ)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

မြေငလျင်ဗဟိုချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ကျောက်ထုမြို့၏ တောင်-အနောက်တောင်ဘက် (၁၃)မိုင်ခန့်အကွာ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.ဝ)အဆင့်ရှိ အင်အား အနည်းငယ်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ မြန်မာစံတော်ချိန် (၀၉)နာရီ (၁၁)မိနစ် (၀၅)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင်(၁၄၀)ခန့် ကွာဝေးသော နေရာကိုဗဟိုပြု၍ ငလျင်လှုပ်ခတ်ခဲ့သည်ဟု တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါငလျင်ကြောင့်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။ (Xinhua)