21
Fri, Sep
685 New Articles

ဟုမ္မလင်းမြို့ ၏ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့် အကွာ ကို ဗဟိုပြု၍ အင်အား (၄.၃)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

မြေငလျင်ဗဟိုချက်ပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ) 

 ဟုမ္မလင်းမြို့ ၏ အရှေ့မြောက်ဘက် (၂၃) မိုင်ခန့် အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အား အနည်းငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ သတင်းထုတ်ပြန်သည်။

၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၁၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၅၉)မိနစ် (၄၈)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၁၅)မိုင်ခန့် ကွာဝေးသောနေရာတွင်လှုပ်ရှား သွားခဲ့ခြင်း ဖြစ်သည်။အဆိုပါငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။  (Xinhua)