23
Sun, Sep
677 New Articles

ထန်းတပင်အရှေ့တောင်ဘက်တွင်လှုပ်ရှားခဲ့သည့်ငလျင် ရန်ကုန်မြို့တွင်ခံစားရ 

ငလျင် လှုပ်ရှားမှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့၏ အရှေ့တောင်ဘက် ၂မိုင် ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၉)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုယနေ့မွန်းလွဲပိုင်းတွင် လှုပ်ရှားခဲ့ပြီး အဆိုပါငလျင် အား ရန်ကုန်မြို့တွင် ခံစားခဲ့ရကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ငလျင်ဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက “ငလျင်က အင်အား အရမ်းနည်းပါတယ်။ အင်အားနည်းငလျင်ကို ရန်ကုန် က ခံစားရတယ်ဆိုတာက ရန်ကုန်က မြေပျော့တဲ့ အတွက် ခံစားရတာပါ’’ ဆင်ဟွာကိုပြောသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၁၄)နာရီ (၄၉)မိနစ် (၅၂)စက္ကန့် အချိန်တွင် ကမ္ဘာအေးငလျင်စခန်းမှ အနောက်မြောက်ဘက် (၁၃)မိုင်ခန့် ကွာဝေးသော  ထန်းတပင်မြို့  ၏ အရှေ့ တောင်ဘက် (၂) မိုင်ခန့်အကွာတွင် လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ငလျင်လှုပ်ရှားမှုအား ရန်ကုန်မြို့ ရှိ မြို့နယ်အများစု တွင် ခံစားခဲ့ရကြောင်း သိရသည်။  (Xinhua)