မြန်မာနိုင်ငံပြည်တွင်း၌ ဇန်နဝါရီလ ဒုတိယအပတ်ထိ ငလျင်ငယ် ၁၄ကြိမ်လှုပ်ခတ်ခဲ့

ဖြူးမြို့ကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ ငလျင်လှုပ်ခတ်မှုပြဇယား(ဓာတ်ပုံ- မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန) Environment, Disasters & Accidents

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံပြည်တွင်း၌ ဇန်နဝါရီ ၁ ရက်နေ့မှ ၁၄ရက်နေ့ နံနက်ပိုင်းထိ အင်အားအနည်းငယ်ရှိ ငလျင် ၁၄ကြိမ်ထိ လှုပ်ခတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ ၁၄ ရက် နံနက် ၅နာရီ ၅၉မိနစ်တွင် မြန်မာနိုင်ငံပြည်တွင်း ဖြူးမြို့ အနောက်-အနောက်တောင်ဘက် (၂၅) မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ထပ်မံ လှုပ်ရှားသွားကြောင်းတိုင်း ထွာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၈ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့မှ (၁၄)ရက်နေ နံနက်အစောပိုင်းအထိ ပြည်တွင်းငလျင် ၁၄ကြိမ်ရှိပြီဖြစ်ပြီး ဇန်နဝါရီ ၂ရက်တွင် ကလေးဝမြို့တွင် နှစ်ကြိမ်နှင့် သပိတ်ကျင်းမြို့တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၄ရက်တွင် မိုးညှင်းမြို့တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် ကလေးဝမြို့တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၇ရက်တွင် ဂွမြို့နှင့် ဟုမ္မလင်းမြို့တွင် တစ်ကြိမ်စီလှုပ်ခတ်ပြီး ဇန်နဝါရီ ၁၀ရက်တွင် ကျောက်ထုမြို့တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ဖြူးမြို့ ၃ကြိမ်နှင့် ဟုမ္မလင်းမြို့တွင် တစ်ကြိမ်၊ ဇန်နဝါရီ ၁၃ရက်တွင် ထန်းတပင်မြို့တွင် တစ်ကြိမ်နှင့် ဇန်နဝါရီ ၁၄ရက်တွင် ဖြူးမြို့တွင် တစ်ကြိမ် လှုပ်ခတ်ခဲ့ကြောင်း သိရသည်။(Xinhua)