ဗန်းမော်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ တွင် အင်အား (၄.၅)အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ၊ဗန်းမော်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ တွင် အင်အားရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။ 

၎င်းငလျင်သည် ဗန်းမော်မြို့၏ အရှေ့-အရှေ့တောင်ဘက် (၂၄)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၄.၁၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၆၀ ဒီဂရီ၊ အနက်(၅)ကီလိုမီတာကို ဗဟိုပြု၍လှုပ်ရှားသွားခဲ့ခြင်းဖြစ်သည်။ ထိုငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။  (Xinhua)