22
Wed, May
568 New Articles

ဒလမြို့၌ နေအိမ်ခြောက်လုံး မီးလောင်မှုကြောင့် ကျပ်၂၉သိန်းကျော်ဖိုး ဆုံးရှုံး

ဒလမြို့၌ မီးလောင်မှုအား မီးငြှိမ်းသတ်နေစဉ်(ဓာတ်ပုံ-MOI) Environment, Disasters & Accidents

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကျန်စစ်သားရပ်ကွက် ရာဇသင်္ကြန်လမ်း၌ ဖေဖော်ဝါရီ ၃ရက် ည ၁၂ နာရီ အချိန်က နေအိမ်(၆)လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး ကျပ် ၂၉သိန်းကျော် ဖိုး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကျန်စစ်သားရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ ဓနိမိုး၊ ၀ါး ထရံကာ၊ ၀ါးကြမ်းခင်း နေအိမ်ရှိ မီးဖို ထင်းစများ၏ မီးကြွင်းမီးကျန်မှ တစ်ဆင့် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ၎င်းနှင့် ဘေးချင်းကပ်နေအိမ်(၆)လုံး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ မီးလောင်မှုအား Level-1သတ်မှတ် ပြီးငြှိမ်းသတ်ရာ ည ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဒေါ်ခင်ဌေးနွယ်အား အမှုဖွင့် အရေးယူလျက်ရှိကြောင်း သိရသည်။(Xinhua)