ကလေးမြို့ ၏ တောင်-အနောက်တောင်ဘက်(၂၀)မိုင် ခန့်အကွာကိုဗဟိုပြု၍ အင်အား ၃.၈ အဆင့်ရှိငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

ကလေးမြို့ ၏ တောင်-အနောက်တောင်ဘက်(၂၀)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၂၂.၉၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃.၉၆ ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ(၇)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၀၂)နာရီ (၂၈)မိနစ် (၀၆)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)