13
Thu, Dec
678 New Articles

မိုင်းယောင်းမြို့ တွင် အင်အား ၃.၆ အဆင့်ရှိ ငလျင်လှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ) Environment, Disasters & Accidents

ရန်ကုန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့ ၏ အနောက်ဘက် (၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၁.၃၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၉၇ ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

၎င်းငလျင်သည် ၂၀၁၈ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆)နာရီ၊ (၀၃)မိနစ်၊ (၄၃)စက္ကန့် အချိန်တွင် လှုပ်ရှားသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါငလျင်လှုပ်ရှားမှုကြောင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။  (Xinhua)