15
Sun, Jul
807 New Articles

ဖားကန့်တွင် မြေစာပုံပြိုကျမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိ

လုံးခင်းနယ်မြေ၊ လှမှော်၊ ဒေသအခေါ်(ကန်ခါ) စွန့်ပစ်မြေစာပုံပြိုကျနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- wai phyo aung) Environment, Disasters & Accidents

ရန်ကုန်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအပိုင်အတွင်းရှိ စွန့်ပစ်မြေစာပုံသည် မတ် ၁၆ ရက်နေ့ ည ၁၀ နာရီ ၅၀ ခန့်တွင် ပြိုကျမှုဖြစ်ပွားပြီး လူအသေအပျောက်ရှိကြောင်း လုံးခင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

“အသေအပျောက်တော့အတိအကျ မရသေးပါဘူး။ ခုမှစစ်ဆေးနေပါတယ်။ အနီးနားကပြောတာတော့ ငါးဦးလို့ပြောတယ်။ ဖားကန့်မြို့နယ်ရဲ တပ်ဖွဲ့မှူးရုံးကတာဝန်ရှိသူတွေ သွားစစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လုံးခင်းနယ်မြေ၊ လှမှော်၊ ဒေသအခေါ်(ကန်ခါ) စွန့်ပစ်မြေစာပုံပြိုကျနေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- wai phyo aung)

လုံးခင်းနယ်မြေ၊ လှမှော်၊ ဒေသအခေါ်(ကန်ခါ) စွန့်ပစ်မြေစာပုံတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းအချို့ ပြိုကျမှုအတွင်း ပါသွားကြောင်း လုံးခင်းနယ်မြေတွင် ကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

 

“ကန်ခါ ၁၁၁ မြေစာပုံပြိုကျတာပါ။  သေဆုးံသူ အရေအတွက် မသိရသေးဘူး။ ကုမ္ပဏီဝန်ထမ်းနဲ့ မြေသယ်ကားတွေ ပြိုကျတဲ့ထဲ ပါသွားတယ်” ဟု ၎င်းကဆိုသည်။  (Xinhua)