27
Fri, Apr
674 New Articles

ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၁၉) မိုင်ခန့်အကွာကိုဗဟိုပြု၍ အင်အား ၄.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ရှား

ငလျင်လှုပ်ရှားမှုပြဇယားအားတွေ့ရစဉ် (ဓာတ်ပုံ-- မိုးဇလ) Environment, Disasters & Accidents

 

ရန်ကုန်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၄)နာရီ၊ (၅၈)မိနစ်၊ (၂၀)စက္ကန့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် (၁၉) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၆.၈၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၈၆ ဒီဂရီ၊ အနက်(၁၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ၊ ငလျင်ဌာန ခွဲမှ ဦးစီးအရာရှိ ဒေါ်ပပထွန်းက "ကမ္ဘာအေးမြေငလျင်စခန်း ၁၉ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ရှားတာဆိုတော့ ရန်ကုန်တိုင်းဒေသကြီး အတွင်းတော့ ငလျင်လှုပ်ရှားမှုကို ခံစားမိနိုင်ပါတယ်။ အပျက်အစီး ရှိနိုင်တဲ့ အင်အားက အင်အားရစ်(ခ်)တာစကေး ၅ ကျော်မှ လို့ ပြောလို့ရတယ်။ လှုပ်တဲ့အချိန် အနက်နဲ့ အဆောက်အဦးရဲ့ ကြံ့ခိုင်မှုပေါ်မှာလည်း မူတည်တယ်။ အခုလှုပ်ခဲ့တဲ့ ငလျင်ကတော့ အပျက်အစီးမရှိလောက်ပါဘူး။ ခံစားမိတဲ့ အဆင့်ပါပဲ'' ဟုဆင်ဟွာကိုပြောသည်။